Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့သိမ်းတိုက်ပွဲ ငါးရက်မြောက်နေ့ အဓိကကာကင်းတစ်ခု တော်လှန်ရေးတပ်များ ထပ်မံသိမ်းပိုက်

စစ်တပ်နှင့် ရှမ်းနီတပ်ကမြို့ခံများကိုအပြင်ထွက်ခွင့်မ​ပေးဘဲလူသားဒိုင်းလုပ်ထား

ကသာခရိုင်အတွင်းမှ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-​ပေးပို့

စက်တင်ဘာ-၁၉ ၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေး ငါးရက်မြောက်နေ့တွင်မြို့နှင့်အနီးဆုံးရှိ စစ်ကောင်စီတပ်၏ အဓိကကာကင်းတခုကို တော်လှန်ရေးတပ်များက ထပ်မံသိမ်းပိုက်ရရှိကြောင်း မြေပြင်တိုက်ပွဲတွင်ရှိနေသည့် ရဲ​ဘော်အချို့ကပြောသည်။

အဆိုပါကာကင်းနေရာရှိ စစ်တပ် နှင့် ရှမ်းနီတပ် SNAးတပ်သားများသည် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ၏ထိုးစစ်ဆင်တိုက်ခိုက်မှု​ကြောင့် စက်တင်ဘာ ၁၈ ရက်​နေ့တွင် မြို့အတွင်း ဆုတ်ခွာထွက်ပြေးသွားသည်ဟု သိရသည်။

တော်လှန်ရေးတပ်များသိမ်းပိုက်ရရှိ​သောစခန်း နေရာကိုမူ စစ်ရေးလုံခြုံမှု နှင့် မြေပြင်ရဲဘော်များ၏ လေကြောင်း အန္တရာယ်ရှိသည့် တောင်းဆိုမှုကြောင့်လူထုနွေဦးအနေဖြင့်ဖော်ပြခြင်းမပြုပါ။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၉ ရက်တွင် ထပ်မံသိမ်းရသောကာကင်းအပါအဝင် ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးအတွင်း တော်လှန်းရေးတပ်များက စစ်တပ်နှင့် ရှမ်းနီတပ်၏ ကာကင်းစခန်း ၇ထက်မနည်း သိမ်းပိုက်ထားနိုင်ပြီဖြစ်​ကြောင့် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောသည်။

“မြို့ထဲမှာတော့ စကစ နဲ့ SNA အင်အား ၅၀၀ အထက်ရှိမယ်။မြေပြင်မှာ လူအင်အားအများအပြားသုံးတာတွေ့ရတယ်”ဟု ကသာခရိုင်ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တဦးက​ပြောသည်။

အခြားတော်လှန်ရေးတပ်ဖွဲ့ဝငတဦးကလည်း “လေယာဥ်က နေ့တိုင်းကိုလာနေတာ။ကျွန်တော်တို့ဘက်က တိုးနေဆဲပဲ”ဟုပြောသည်။

စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့ဖြစ်​သော ရှမ်းနီတပ် SNAက ဟုမ္မလင်းအခြေစိုက် ၎င်း၏ တပ်မဟာ(၉၇၂) မှအင်အား၂၀၀မှ ၃၀၀ အတွင်းကို ဗန်းမောက်မြို့၌ ဖြည့်တင်းထားပြီး ခုခံနေခြင်းဖြစ်ကြောင်းဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်တပ်၏ တပ်မ(၇၇)လက်အောက်ခံတပ်ရင်းများနှင့်ရှမ်းနီတပ်များအခြေစိုက်ထားသည့် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များက စက်တင်ဘာ ၁၅ရက်က စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေသော်လည်း စစ်တပ်နှင့် SNAတပ်များက မြို့ခံပြည်သူများအားမြို့တွင်းမှထွက်၍ စစ်ရှောင်ခွင့်မပေးဘဲ ထွက်​ပေါက်အားလုံးကို ပိတ်ဆို့တားဆီးထားသည်ဟု​ဒေသခံအချို့က​ပြောသည်။

“မြို့ခံတွေ အခြေအနေကတော့ မြို့ထဲက ထွက်ခွင့်မပေးဘူး။ မြို့တွင်းမှာပဲ ပိတ်ထားတယ်။ မြို့ဝင် မြို့ထွက် လမ်းတွေအားလုံး ပိတ်ဆို့ထားတယ်။ ပြည်သူတွေကို လုံး၀ ထွက်ခွင့်မပေးဘူး။မြို့ထဲမှာ ဆိုရင် ပြည်သူတွေ လက်နက်ကြီး ထိမှန်သေဆုံးတာရှိတယ်။ ထိခိုက်ဒဏ်ရာရတာရှိတယ်”ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ပြည်သူများအား လူသားဒိုင်းအဖြစ် ပြုလုပ်ထားသည့် ရှမ်းနီတပ် နှင့် စစ်ကောင်စီတပ် လုပ်ရပ်သည် ဂုဏ်သိက္ခာမဲ့သည့် လုပ်ရပ်ဖြစ်ဟု ၎င်းက ဆက်​ပြောသည်။

လူဦးရေ တစ်သိန်းဝန်းကျင်ရှိသော ဗန်းမောက်မြို့နယ်တွင် မြို့ပေါ်လူဦးရေ ၆၀၀၀ ကျော်ရှိသည်။ဗန်းမောက်မြို့နယ်အနောက်ခြမ်း၌ SNAတပ်က ပိုမိုအားကောင်းစွာ ထိန်းချုပ်ထားကြောင်း သတင်းရင်းမြစ်ကပြောသည်။ မြို့ခံအချို့မှာ ကြိုတင်တိမ်း​ရှောင်နိုင်​သော်လည်း​ထောင်နှင့်ချီ​သောမြို့ခံများမှာ မြို့တွင်း၌ ပိတ်မိ​နေဆဲဖြစ်​ကြောင်းသိရသည်။

“အဓိကကအနောက်ခြမ်းတခြမ်းလုံးကSNA ထိန်းချုပ်ထားတဲ့နယ်မြေဆိုတော့ မြို့ရပြီးရင်တောင် SNA ရှိတဲ့ အနောက်ခြမ်းကို တိုက်ဖို့လိုအပ်သေးတယ်။”ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သို့​သော် မြို့၏ အခြားဘက်များတွင်ရှိ​သော အင်း​တော် ၊ပင်လည်ဘူး ၊​​မော်လိုက်မြို့များကို ​​တော်လှန်​ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။အင်းတော်နှင့် ကားလမ်းအတိုင်းဆိုပါက မိုင်(၃၀)ခန့် ၊ မော်လူးနှင့် မိုင်(၅၀)ခန့် နှင့် ပင်လည်ဘူးမြို့ (၆၁)မိုင်ခန့်အကွာတွင်ရှိသည်။အ​ဖြောင့်တိုင်းလျင်မူပိုနီးသည်။

ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမှတ်(၁) စစ်ဒေသတို့က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးတွင် PDFတပ်ရင်းတပ်ဖွဲ့များနှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ပကဖ ၊​ဒေသခံကာကွယ်​ရေးအဖွဲ့များကအတူပူးပေါင်းပြီး စစ်တပ်ကိုထိုးစစ်ဆင် တိုက်ခိုက်​နေခြင်းဖြစ်သည်။

လက်ရှိစစ်ရေးအခြေအနေကြောင့် အင်းတော်-ဗန်းမောက်ဗျူဟာလမ်းပိုင်းအပါအဝင် အခြားလမ်းပိုင်းအားလုံးကို တော်လှန်ရေးတပ်များက စက်တင်ဘာ ၁၅ရက်ကစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။