Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်များ ဗန်းမောက်မြို့ကို သိမ်းပိုက်

မြို့သိမ်းတိုက်ပွဲကိုအမှတ်(၁)စစ်​ဒေသကကွပ်ကဲခဲ့ခြင်းဖြစ်ပြီးစစ်​ဒေသတည်​ထောင်ခြင်း(၄)နှစ်​ပြည့်​​နေ့တွင်သိမ်းပိုက်နိုင်ခြင်းဖြစ်

ဗန်း​မောက်ဒေသရှိ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ

စက်တင်ဘာ-၂၀၊၂၀၂၅။​နေ့သစ်/People’s Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ယ​နေ့ည​နေတွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များကအတည်ပြာပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့များ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ ကဒူး​ဒေသကာကွယ်​ရေးတပ်ဖွဲ့ ၊ပကဖ စ​သော တော်လှန်ရေးပူးပေါင်းတပ်က ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးကို စက်တင်ဘာ ၁၅ရက်တွင် ဖော်ဆောင်ခဲ့ရာ ၆ရက်မြောက်နေ့တွင် မြို့ကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

“ဗန်းမောက်မြို့ အလုံးစုံရပါပြီ။SNAနဲ့ စခတွေ အကုန်ပြေးသွားပြီ။ ညနေ ၆နာရီ ၄၀ အချိန်မှာ နောက်ဆုံးလက်ကျန်သိမ်းလိုက်ပြီ” ဟု စစ်ရေးသတင်းရင်းမြစ်ကပြောကြားသည်။

Public Service Announcement

Public Service Announcement

စစ်တပ် နှင့် ရှမ်းနီတပ်လက်ကျန်စစ်သားများကဗန်း​မောက်မြို့အတွင်းရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျောင်း(နတလ)ကိုအဓိကခံစစ်လုပ်၍ ခုခံ​နေရာတွင် ​တော်လှန်​ရေးတပ်များ၏ထိုးစစ်ဆင်တိုက်ခိုက်မှု​ကြောင့် ဆုတ်ခွာထွက်​ပြေးသွားခြင်းဖြစ်​ကြောင်း သတင်းရရှိသည်။

မြို့သိမ်း စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ် သေဆုံး၊ ဖမ်းမိ အခြေအနေများနှင့်ပတ်သက်၍ အ​သေးစိပ်အ​ခြေအ​နေများကိုမူမသိရသေးဟု ၎င်းက ပြောသည်။

ဗန်းမောက်မြို့နယ်သည်ရှမ်းနီတပ် SNA အင်အားကောင်းသည့် မြို့နယ်ဖြစ်ပြီး မြို့နယ်၏အနောက်ခြမ်းတွင် SNA စခန်းများရှိနေ၍ နယ်​မြေရှင်းလင်း​ရေးဆက်လက်လုပ်ရနိုင်​ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြီးခဲ့သည့် ရက်ပိုင်းက ပြောပြထားသည်။

ဗန်း​မောက်မြို့သိမ်းသည့် စက်တင်ဘာ ၂၀ ရက်သည် အမှတ်(၁)စစ်​ဒေသ တည်​ထောင်ခြင်း ​လေးနှစ်ပြည့် သည့်​နေဖြစ်ပြီး ​လေးနှစ်ပြည့်နှစ်ပတ်လည်​နေ့တွင် မင်္ဂလာရှိစွာ ဗန်း​မောက်မြို့ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်​ကြောင်းစစ်​ရေးရင်းမြစ်တဦးက​ပြောသည်။အမျိုးသားညီညွတ်​ရေးအစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee – C3C)ယန္တရားကိုတည်​ထောင်ပြီး အမှတ်(၁)စစ်​ဒေသကို ၂၀၂၁ စက်တင်ဘာ ၂၀ တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးကို အမှတ်(၁) စစ်​ဒေသ၏ ကွပ်ကဲမှုဖြင့်ဖော်ဆောင်နေခြင်းဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့သည့် ရက်ပိုင်းက ပြောပြထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဗန်းမောက် စစ်ဆင်ရေးနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

​တော်လှန်​ရေးတပ်များက စစ်ကိုင်းတိုင်းတွင် ခမ်းပါတ်မြို့ ၊မြို့သစ်မြို့ ၊​ရွှေပြည်သာမြို့ ၊ ပင်လည်ဘူးမြို့ ၊​မော်လူးမြို့ ၊အင်း​တော်မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ထို​ကြောင့် ဗန်း​မောက်မြို့မှာ ​တော်လှန်​ရေးတပ်များ သိမ်းပိုက်ထိန်းချုပ်လိုက်​သော ၇ မြို့​မြောက်ဖြစ်လာသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်တပ်ရဲ့ ကာဘိုးကျေးရွာတပ်စခန်းအနီး တိုက်ပွဲအတွင်း စစ်တပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်၂လက် သိမ်းရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။