Connect with us

Hi, what are you looking for?

သတင်း

ချင်းမိုင်မြို့ကွန်ဒိုစျေးကွက် တရုတ်ရင်းနှီးမြှုပ်နှံမှု ကျလာပြီး မြန်မာနဲ့အမေရိကန်ရဲ့ဝယ်လိုအားတက်

ထိုင်းနိုင်ငံရဲ့ဒုတိယမြို့​တော်ချင်းမိုင်မြို့မှာတရုတ် နိုင်ငံသားတွေ ကွန်ဒို ဝယ်ယူနှုန်းက သိသိသာသာ ကျဆင်းလာပြီးမြန်မာနဲ့ အမေရိကန် နိုင်ငံသားတွေရဲ့ဝယ်လက်အင်အားတိုးလာတယ်လို့အိမ်ခြံမြေစျေးကွက် တာဝန်ရှိသူတွေက ပြောပါတယ်။

ချင်းမိုင်မြို့ကို အ​ပေါ်စီးမှ ​တွေ့ရစဥ်။ ဓါတ်ပုံ-ချင်းမိုင်အစိုးရအဖွဲ့ရုံး

စက်တင်ဘာ-၂၂၊၂၀၂၅။People’s Spring

ထိုင်းနိုင်ငံရဲ့ဒုတိယမြို့​တော်ချင်းမိုင်မြို့မှာတရုတ် နိုင်ငံသားတွေ ကွန်ဒို ဝယ်ယူနှုန်းက သိသိသာသာ ကျဆင်းလာပြီးမြန်မာနဲ့ အမေရိကန် နိုင်ငံသားတွေရဲ့ဝယ်လက်အင်အားတိုးလာတယ်လို့အိမ်ခြံမြေစျေးကွက် တာဝန်ရှိသူတွေက ပြောပါတယ်။

သာမန်အားဖြင့် ချင်းမိုင်မှာ နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုစျေးကွက်ကို တရုတ်တွေက လွှမ်းမိုးထားလေ့ ရှိခဲ့တာပါ။တရုတ်တွေရဲ့ကွန်ဒိုတိုက်ခန်း ဝယ်လိုအားဟာ အလုံးအရင်း ရှိခဲ့ပြီး ချင်းမိုင်ရဲ့ နိုင်ငံခြားသား ကွန်ဒိုဝယ်လိုအားမှာ ပင်မကျောရိုး ထောက်တိုင်အဖြစ် ကာလရှည်ရပ်တည်နေခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ တရုတ်ဝယ်လက်တွေရဲ့ကွန်ဒို ဝယ်လိုအားဟာအကျပိုင်းကို ဦးတည်နေကြောင်း ထိုင်းအိမ်ခြံမြေ သတင်းအချက်အလက်စင်တာ (REIC)ရဲ့ ညွှန်ကိန်းတွေက အတည်ပြုနေပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၅ ပထမ နှစ်ဝက်အတွင်း တရုတ်ဝယ်လက်တွေဟာ နိုင်ငံခြားသားတွေ ကွန်ဒိုဝယ်ယူမှု စာရင်းမှာ ဆက်ပြီး ဦးဆောင်နေပေမယ့် မနှစ်ကနဲ့ ယှဉ်ရင် ၃၃.၅ ရာခိုင်နှုန်းလောက်ထိကျဆင်းသွားခဲ့ပါတယ်။

ဒါကြောင့် အဲဒီကာလအတွင်း နိုင်ငံခြားသားတွေရဲ့ ကွန်ဒိုဝယ်ယူမှု စျေးကွက်ခွဲတမ်းမှာ တရုတ်ဟာ ၅၃.၈ ရာခိုင်နှုန်းထိ လျော့သွားခဲ့ပါတယ်။ ဒါကြောင့် စျေးကွက်တစ်ခုလုံးရဲ့ ပင်မထောက်တိုင် ဖြစ်ခဲ့ဖူးတဲ့ အခြေအနေကနေ စတင် အားပျော့စ ပြုလာနေတာကို မြင်သာစေကြောင်း လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။

တစ်ဖက်မှာတော့ မြန်မာတွေရဲ့ ကွန်ဒိုဝယ်လိုအားဟာမနှစ်ကနဲ့ယှဉ်ရင် ၄၂.၉ ရာခိုင်နှုန်း ခုန်တက်လာပြီး အမေရိကန် ဝယ်လက်တွေနဲ့ အပြိုင်ဖြစ်နေပါတယ်။ အမေရိကန်ရဲ့ချင်းမိုင်မှာကွန်ဒိုတွေ ဝယ်လိုအားကလည်း ၂၃.၈ ရာခိုင်နှုန်း တက်ရိပ်ပြလာတာကြောင့်ပါ။

ချင်းမိုင်မှာ နိုင်ငံခြားသားတွေ ကွန်ဒို ဝယ်ယူမှုနှုန်း အသိသာဆုံး မြင့်တက်လာတာက အီတာလျံတွေဖြစ်ပြီး ၂၀၀ ရာခိုင်နှုန်း ထိုးတက်လာတာပါ။ ဒတ်ချ်တွေရဲ့ ဝယ်လိုအားကလည်း ၅၀ ရာခိုင်နှုန်း မြင့်တက်လာတာကြောင့် ချင်းမိုင်ရဲ့ ကွန်ဒို ဝယ်လိုအား အကောင်းဆုံး နိုင်ငံခြားသားတွေ စာရင်းမှာ ပထမဆုံးအကြိမ် ထိပ်တန်း ၁၀ နိုင်ငံ စာရင်းထဲ ဝင်ဆံ့လာပါတယ်။

တစ်ဖက်မှာတော့ တရုတ်သာ မကဘဲ အစဉ်အလာအရ စျေးကွက်ထဲမှာ အားကောင်းခဲ့တဲ့ ဝယ်လက်တချို့ရဲ့ ကွန်ဒို ဝယ်ယူမှုတွေ ကျရိပ်ပြကုန်တာကို မြင်ခဲ့ရပါတယ်။ ဥပမာ ဩစတြေးလျတွေရဲ့ ဝယ်လိုအားက ၆၈.၈ ရာခိုင်နှုန်း၊ အစ္စရေးတွေက ၆၀ ရာခိုင်နှုန်းလောက် အကျဖက် ဦးတည်ကုန်ပြီး အရင်ကထိပ်တန်း ၇ နိုင်ငံ စာရင်းထဲပါဝင်ခဲ့တဲ့ တောင်ကိုရီးယားဟာ ထိပ်တန်း ၁၀ နိုင်ငံ စာရင်းပြင်ပထိ ရောက်သွားပါတယ်။

REIC ကတော့မျက်မှောက်ခေတ် ချင်းမိုင်မြို့ရဲ့ ကွန်ဒိုစျေးကွက်မှာနိုင်ငံခြားသားဝယ်လက်တွေရဲ့ အနေအထားဟာ တစ်နိုင်ငံတည်း ကြီးစိုးထားတာ မဟုတ်တော့ဘဲ ရင်းမြစ် တော်တော်များများဆီ ပျံ့သွားတဲ့အဓိပ္ပါယ်လို့မှတ်ချက်ပေးထားပါတယ်။ REICကအိမ်ခြံမြေ လုပ်ငန်းရှင်တွေအနေနဲ့ သမားရိုးကျ ကိန်းဂဏန်း အချက်အလက်တွေကိုချည်း လေ့လာတာမျိုး မဟုတ်ဘဲ စျေးကွက်ရဲ့ အပြောင်းအလဲ ပုံစံကိုပါ ထဲထဲဝင်ဝင် လေ့လာပြီး လိုအပ်တဲ့ အစီအမံတွေ ချဉ်းကပ် ပြင်ဆင်ကြဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။

ကိုးကား-The Nation

ဆက်စပ်သတင်းများ