Connect with us

Hi, what are you looking for?

သတင်း

KIAဌာနချုပ် လိုင်ဇာကို စစ်ကောင်စီ အသေခံဒရုန်း ဖြင့်တိုက်ခိုက်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က အသေခံဒရုန်း ဖြင့် တိုက်ခိုက်လာကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အခြေဆိုက်ရာ လိုင်ဇာမြို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - အေပီ

စက်တင်ဘာ-၂၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က အသေခံဒရုန်း ဖြင့် တိုက်ခိုက်လာကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ စက်တင်ဘာ ၂၁ရက် မွန်းလွဲပိုင်းနှင့် ညသန်းခေါင်တွင် ဒရုန်းတိုက်ခိုက်မှု ခန့်မှန်း ၃ကြိမ်ပြုလုပ်ခဲ့ရာ ၂ကြိမ် ပေါက်ကွဲမှုရှိခဲ့သည်ဟု ၎င်းက ပြောသည်။ ယမန်နေ့ မွန်းလွဲ ၃နာရီခွဲခန့်နှင့် ည သန်းခေါင် ၁၁နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့မှုများ ပေါက်ကွဲမှုဖြစ်ခဲ့ဟု ဆိုသည်။

” မနေ့က ညနေနဲ့ ညမှာ ၂ကြိမ်။ မြို့ရဲ့ ကုန်းပေါ်မှာ ကျတယ်။ နောက်တကြိမ်က မသေချာဘူး ကွဲသံမကြားလို့။ မကွဲတာဖြစ်တယ်”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သော်လည်း လူ၊ အဆောက်အဦးထိခိုက်မှုမရှိဟုလည်း ၎င်းက ပြောသည်။

ယခု လိုင်ဇာသို့ တိုက်ခိုက်လာသည့် အသေခံဒရုန်းများသည် မြစ်ကြီးနားမြို့ဘက်မှ လာခြင်းဖြစ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယခင်ကလည်း စစ်ကောင်စီအနေဖြင့် စစ်ရေးအရ အထိနာပါက လိုင်ဇာကို ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။ ယခင်က လိုင်ဇာအနီး ဝန်းကျင်ရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သော်လည်း ၂၀၂၄ KIA၏ စစ်ဆင်ရေးတွင် လိုင်ဇာအနီးရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ခဲ့၍ ဒရုန်းဖြင့် တိုက်ခိုက်လာခြင်းဖြစ်သည်။

ယမန်နေ့ည ဒရုန်းတိုက်ခိုက်မှုသည်လည်း ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်လိုက်၍ စစ်ကောင်စီဘက်က တုံ့ပြန်ခြင်းဖြစ်နိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဗန်းမောက်မြို့သိမ်းလိုက်တော့ သူတို့ မကျေနပ်ဖြစ်နေတာ”ဟု ၎င်းက ပြောသည်။

ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသ၏ ဦးဆောင် ကွပ်ကဲမှုဖြင့် ဖော်ဆောင်ခြင်းဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အသိပေးထားပြီး မြို့သိမ်းအောင်ပွဲရ PDFများကိုလည်း KIO/KIA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က ဂုဏ်ပြု ချီးကျူးထားသည်။

ယခု စစ်ကောင်စီတပ်က ဒရုန်းတိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူထံ ယနေ့ (စက်တင်ဘာ ၂၂ရက်) မနက်တွင် ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။