Connect with us

Hi, what are you looking for?

သတင်း

အရပ်သားပြည်သူတွေအပေါ် လူသားဆန်စွာ၊ လေးစားစွာဆက်ဆံရန် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထပ်မံနှိုးဆော်

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအနေနဲ့ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးရမှာ ဖြစ်ပြီး လူသားဆန်စွာနဲ့ လေးစားစွာ ဆက်ဆံဖို့လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထပ်မံ နှိုးဆော်လိုက်ပါတယ်။

စလင်းမြို့နယ်မှာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိသူတွေ လူ့အခွင့်အရေးအသိပညာပေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - MOHR

စက်တင်ဘာ-၂၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအနေနဲ့ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးရမှာ ဖြစ်ပြီး လူသားဆန်စွာနဲ့ လေးစားစွာ ဆက်ဆံဖို့လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထပ်မံ နှိုးဆော်လိုက်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေလိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး အခါအားလျော်စွာ အသိပေးချက်တွေ ထုတ်ပြန်လျက်ရှိရာ အရပ်သားပြည်သူတွေနဲ့ပတ်သက်ပြီးလိုက်နာရမယ့်အချက်တွေကို စက်တင်ဘာ ၂၄ရက်မှာ ထပ်လောင်း ဖော်ပြခဲ့တာပါ။

” ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ တိုက်ပွဲဝင်ရတယ့် ရည်ရွယ်ချက်တွေထဲမှာဆိုရင် မတရားမှုကိုလက်မခံလိုခြင်းနဲ့ ကိုယ့်ပြည်သူကို ကာကွယ်ခြင်းတွေဟာ ရေသောက်မြစ်အဖြစ်ပါဝင်တဲ့အချက်တွေဖြစ်ပါတယ်။အရပ်သားပြည်သူတွေအပေါ် လူသားဆန်မှုနဲ့လေးစားစွာဆက်ဆံရမှာဖြစ်ပြီး အရပ်သားပြည်တွေအပေါ် ဖိနှိပ်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေမလုပ်ဖို စတဲ့အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာအလေးပေးထည့်သွင်းထားပါတယ်”လို့ ဝန်ကြီးဌာနရဲ့ နှိုးဆော်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း ဒီစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကို လိုက်နာနိုင်ဖိုအတွက် မြေပြင်မှာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံတွေကနေ စဉ်ဆက်မပြတ် ပညာပေးပိုချမှုတွေ လုပ်ဆောင်နေ ကြောင်း အသိပေးပါတယ်။

ဒါ့အပြင် ကျင့်ဝတ်ချိုးဖောက်မှုတွေ ရှိလာခဲ့ရင်လည်း ပြည်သူလူထုကနေ တိုင်ကြားနိုင်ဖိုအတွက် သက်ဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေ တိုင်ကြားနိုင်ဖို တိုင်ကြားရေးယန္တရားတွေကိုပါ ဖွင့်လှစ်ထားကြောင်း ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တိုင်းဟာ ဒီစစ်သည်တော်ကျင့်ဝတ်တွေကို တိတိကျကျလိုက်နာပြီး ပြည်သူ့ကိုမျက်နှာမူပြီး ကာကွယ်သူတွေဖြစ်ကြောင်းသက်သေထူရင်း ပြည်သူနဲ့တသားတည်းရှိနေကြရမှာလို့လည်း သတိပေးနှိုးဆော်ထားပါတယ်။

တဖက်မှာလည်း အာဏာသိမ်းစစ်ကောင်စီဟာ စိတ်ဓာတ်၊ ကျင့်ဝတ် စည်းကမ်း အားလုံးချွတ်ခြုံကျပြီး ပြည်သူကို သွေးအေးအေးနဲ့ နည်းမျိုးစုံ အကြမ်းဖက် သတ်ဖြတ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပြထားပါတယ်။

ဒီလို လူမဆန်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အုပ်စိုးမှုကို ပြည်သူတွေလက်မခံ သလို လူစိတ်မရှိတဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ကို တပ်မတော်အဖြစ် သတ်မှတ်ပြီး တိုင်းပြည်အိမ်ဦးခန်းမှာ ဆက်ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့လည်း ဝန်ကြီးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook