Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာစစ်ရှောင်တွေနေတဲ့မိုးညှင်းသံဗုဒ္ဓေဘုရားဝင်းထဲကိုစစ်တပ်တပ်စွဲလို့စစ်​ရှောင်​တွေအခက်​တွေ့

စစ်ကိုင်းတိုင်းမုံရွာမြို့မှာစစ်ရှောင်တွေနေတဲ့ မိုးညှင်းသံဗုဒ္ဓေဘုရားဝင်းထဲကို စစ်ကောင်စီတပ်က တပ်စွဲလိုက်လို့ စစ်​ရှောင်ပြည်သူ​တွေအခက်​တွေ့​နေကြောင်း သတင်းရရှိပါတယ်။

မိုးညှင်းသံဗုဒ္ဓေဘုရားအဝင်အား တွေ့ရစဥ် ဓာတ်ပုံ-ဒေသခံ

စက်တင်ဘာ-၂၅၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်းမုံရွာမြို့မှာစစ်ရှောင်တွေနေတဲ့ မိုးညှင်းသံဗုဒ္ဓေဘုရားဝင်းထဲကို စစ်ကောင်စီတပ်က တပ်စွဲလိုက်လို့ စစ်​ရှောင်ပြည်သူ​တွေအခက်​တွေ့​နေကြောင်း သတင်းရရှိပါတယ်။

မုံရွာမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းထိုးသတ်ဖြတ်လို့ ကျေးရွာတွေဟာ တိမ်းရှောင်လာခဲ့ကြရာ မိုးညှင်းသံဗုဒ္ဓေဘုရားဝင်းထဲမှာလည်း စစ်ရှောင်တွေ လေးနှစ်ကျော် နေထိုင်ခဲ့ကြပါတယ်။ စက်တင်ဘာလ တတိယပတ်အတွင်းမှာတော့ စစ်

တပ်ကဝင်လာပြီး တပ်စွဲလိုက်လို့ စစ်ရှောင်တွေ နေထိုင်ရေးအခက်အခဲတွေရှိနေကြောင်း စစ်ရှောင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒီလိုမျိုး အထိုင်ချတပ်စွဲတာတွေ ပြုလုပ်လာတာဖြစ်တဲ့အတွက်ကျေးရွာကပြည်သူတွေ တိမ်းရှောင်

ရတာတွေရှိတယ်။ စစ်ရှောင်တွေနေတဲ့ ဘုရားကျောင်းတွေမှာ တပ်စွဲလာတာဖြစ်တဲ့အတွက် အဲဒီကျောင်းတွေမှာရောက်နေတဲ့စစ်ရှောင်တွေလည်း ပိတ်မိတာတွေရှိတယ်။”လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတဦးက ပြောပါတယ်။

ဒါ့အပြင် ဘုရားထဲတပ်စွဲထားတဲ့ စစ်အုပ်စုဟာ ဘုရားအဝင်ကနေ လမ်းသွားလမ်းလာ ပြည်သူတွေကို တားဆီးစစ်ဆေးတာတွေ ပြုလုပ်ပြီး ငွေညှစ်တာ​တွေလည်းလုပ်​နေတယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလထဲမှာပဲ မုံရွာ-အရာတော်လမ်းပေါ်က ကျောက္ကာရွှေဂူနီဘုရားမှာလည်း စစ်ကောင်စီတပ်က တပ်လာစွဲလိုက်ပြီး လမ်းသွားလမ်းလာတွေကိုစစ်ဆေးတင်းကြပ်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။