Connect with us

Hi, what are you looking for?

သတင်း

အဓမ္မစစ်သားစုဆောင်းမှုဟာ မင်းအောင်လှိုင်အကျိုးအတွက် ပြည်သူကိုသက်ရှိစည်းရိုးအဖြစ် အသုံးချနေတာလို့ KNLA ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူလူထုကို အဓမ္မစစ်သားစုဆောင်းနေတဲ့လုပ်ရပ်နဲ့ဟာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့အကျိုးစီးပွားအတွက်အဓမ္မအသုံးချနေတာဖြစ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟို စစ်ဌာနချုပ်က ဒီကနေ့ စက်တင်ဘာ ၂၆ရက်မှာထုတ်ပြန်ပါတယ်။

ပြည်သူ့စစ်မှုထမ်းအဖြစ် အရပ်သားများကို တပ်သားသစ်အဖြစ်စုဆောင်းထားစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ

စက်တင်ဘာ−၂၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူလူထုကို အဓမ္မစစ်သားစုဆောင်းနေတဲ့လုပ်ရပ်နဲ့ဟာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့အကျိုးစီးပွားအတွက်အဓမ္မအသုံးချနေတာဖြစ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟို စစ်ဌာနချုပ်က ဒီကနေ့ စက်တင်ဘာ ၂၆ရက်မှာထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သွားနေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ ဖောက်ပြန်တဲ့ စနစ်ဟာ ပြည်သူတရပ်လုံးအား ထာ၀ရ ကျွန်ပြုရေးသာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

“သူသည် သူ၏ အကျိုးစီးပွားအတွက်နှင့် ကျူးလွန်ထားသည့် ရာဇဝတ်မှုများအား ပြည်သူက တရားဥပဒေနှင့် အညီ ဒဏ်ခတ်ခြင်းမှ ရှောင်ရှားရန် စစ်တပ်ဖြင့် ကာကွယ်ထားသည်။ ထိုစစ်တပ်သည် ဖက်ဆစ်စစ်တပ်ပီပီ ပြည်သူလူထု တရပ်လုံး အပေါ် ရာဇဝတ်မှု ကျူးလွန်သည့်တပ်ဖြစ်သည်” လို့ KNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ထဲကို ပြည်သူတွေ ဝင်ရောက်ထမ်းဆောင်လိုစိတ်မရှိတာ၊ လက်ရှိ စစ်တပ်တွင်း ပြုန်းတီး အင်အားများပြားတာတွေကြောင့် ပြည်သူ့ စစ်မှုထမ်း ဥပဒေကို ထုတ်ပြန်ပြီး အဓမ္မ စစ်သားစုဆောင်းဖြည့်တင်းနေရတယ်လို့ KNLA က ထုတ်ပြန်ပါတယ်။

အဲဒီ စစ်သားတွေနဲ့ မိသားစုဝင်တွေကို ပုံစံမျိုးစုံနဲ့ အကြပ်ကိုင် အရေးယူတာ၊ ခြိမ်းခြောက်တာ၊ ဝါဒမှိုင်းတိုက်တာတွေ တစိုက်မတ်မတ်လုပ်နေသလို ရှေ့တန်း စစ်မျက်နှာမှာ အဓမ္မ စုဆောင်းထားတဲ့ စစ်သားတွေကို အသိစိတ် ကင်းမဲ့စေဖို့ မူးယစ်ဆေးဝါး တိုက်ကြွေးပြီး သက်ရှိ စစ်းရိုးအနေနဲ့ ခံကတုတ်လုပ်နေတာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

မင်းအောင်လှိုင်ရဲ့ လုပ်ရပ်ဟာ ပြည်သူလူထု သားသမီးရဲ့ အသက်တချောင်းကို ခြံစည်းရိုးတိုင် တချောင်းလောက်တောင် တန်ဖိုး မထားဘဲ လူသားဒိုင်းအဖြစ် တနိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန် အသုံးချနေတာကို ပြည်သူ တရပ်လုံး သိစေအပ်တယ်လို့ KNLAက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်း လူငယ်တွေကို အဓိကထားပြီး နည်းမျိုးစုံနဲ့ စစ်သားစုဆောင်းပြီး အချိန်တို စစ်သင်တန်းပေး ရှေ့တန်းစစ်မျက်နှာစေလွှတ်နေတာ အပြင် တိုက်ပွဲတွေမှာ ရှေ့ဆုံးက လူသားဒိုင်းအသွင် စစ်တိုက်ခိုင်းတာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ ကရင်၊ ကချင်နဲ့ ရက္ခိုင် တိုက်ပွဲတွေမှာ တော်လှန်ရေးအဖွဲ့တွေဆီကို အလင်းဝင်ခဲ့ကြတဲ့ စစ်ကောင်စီတပ်သားသစ်တွေက ပြောပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။