Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းချထားမှု၊ NLDပါတီဖျက်သိမ်းရန် ကြိုးပမ်းမှုဟာ အမုန်းတရားနဲ့လုပ်နေတာလို့ NUCC ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အကျဉ်းချတာ၊ အဖွဲ့ဖျက်သိမ်းရန် ကြိုးပမ်းတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ အမုန်းတရား သပ်သပ် လုပ်ရပ်တွေသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က စက်တင်ဘာ ၂၇ရက်က ကျရောက်တဲ့ NLD ပါတီ တည်ထောင်တာ (၃၇)နှစ်ပြည့် သဝဏ်လွှာ မှာ ဖော်ပြထားပါတယ်။

၂၀၂၀ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝန်းရံသူများအား ၂၀၂၀ အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - AFP

စက်တင်ဘာ-၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အကျဉ်းချတာ၊ အဖွဲ့ဖျက်သိမ်းရန် ကြိုးပမ်းတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ အမုန်းတရား သပ်သပ် လုပ်ရပ်တွေသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က စက်တင်ဘာ ၂၇ရက်က ကျရောက်တဲ့ NLD ပါတီ တည်ထောင်တာ (၃၇)နှစ်ပြည့် သဝဏ်လွှာ မှာ ဖော်ပြထားပါတယ်။

မနေ့က ကျရောက်တဲ့ ပါတီတည်ထောင်ခြင်းနှစ်ပတ်လည် အခမ်းအနားကို အဖွဲ့အစည်းအသီးသီးကပေးပို့လာတဲ့ သဝဏ်လွှာတွေကို NLDက ဒီကနေ့ စက်တင်ဘာ ၂၈ရက်မှာ ထုတ်ပြန်ဖော်ပြခဲ့တာပါ။

ပါတီနှစ်ပတ်လည်နေ့ အခမ်းအနားကိုတက်ရောက်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့် အပါအဝင် ပါတီခေါင်းဆောင်တွေနဲ့ ရွေးကောက်ခံကိုယ်စားလှယ်များစွာဟာ မတရားဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံနေရပါတယ်။ ထောင်နဲ့ချီတဲ့ ပါတီဝင်တွေဟာလည်း ဖမ်းဆီး၊ ထိန်းသိမ်းခံရပြီး တချိုဆိုရင် ထိန်းသိမ်းခံရစဉ်အတွင်းမှာပဲ အသက်ဆုံးရှုးခဲ့ရပါတယ်။ ဒါ့အပြင် ပါတီရုံးတွေချိတ်ပိတ်ခံရတာ၊ ပါတီဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရတာတွေဟာ စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုကို ကမ္ဘာသိသက်သေခံနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုရဲရဲဝံ့ဝံ့ စွန့်လွှတ်အနစ်နာခံကြပြီး မဆုတ်မနစ် တော်လှန်ရေးခရီးကို ချီတက်နေကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီဝင် ရဲဘော်ရဲဘက်များအားလုံးကို အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်သလို ပါတီဝင်အသီးသီးရဲ့ တော်လှန်ရေးမှာ ရှုထောင့်ပေါင်းစုံ၊ နေရာပေါင်းစုံ၊ ဒေသပေါင်းစုံကနေ အားကောင်းမောင်းသန် တိုက်ပွဲဝင်နေကြတာဟာ ဒီမိုကရေစီခရီးအတွက် အင်မတန်အားရကျေနပ်စရာကောင်းသလို မှတ်ကျောက်တင်ရမှာလည်းဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

စစ်အုပ်စုဘက်က အဲဒီလို အမုန်းတရားသပ်သပ် လုပ်ရပ်တွေ နဲ့ လုပ်ဆောင်နေပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခက်အခဲ အတားအဆီး တွေကို ရင်ဆိုင်ကျော်ဖြတ်ကာ ပြည်သူတို့နဲ့အတူ လက်တွဲ ရှေ့ဆက်နေတာ မြင်ရလို့ အလွန်ဝမ်းမြောက်ရကြောင်းလည်း NUCC သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာပြည်သူ့ထောက်ခံမှုကို သံတံတိုင်းအဖြစ် တည်ဆောက်ထားသော အဖွဲ့ဖြစ်တယ်လို့လည်း NUCC သဝဏ်လွှာမှာ ပါရှိပါတယ်။
ဒါကြောင့် ခေတ်အဆက်ဆက် တော်လှန်ရေး တိုက်ပွဲတွေမှာ ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ အာဏာရှင်စနစ်ဆိုးကို လက်မခံဘဲ ဒီမိုကရေစီ အောင်ပွဲဆီကို ဦးဆောင်တည့်မတ်ခဲ့တာလို့ ဖော်ပြပါတယ်။

အခု နွေဦးတော်လှန်ရေးမှာလည်း တိုင်းရင်းသားလူမျိုးများ အပါအဝင် တော်လှန်ရေး အင်အားစုအားလုံးနဲ့ လက်တွဲညီညီ ပေါင်းစည်းဆောင်ရွက်သွားမယ်ဆိုတာကိုလည်း အပြည့်အ၀ ယုံကြည်ကြောင်း သဝဏ်လွှာမှာ ပါရှိပါတယ်။

ပါတီ အနေနဲ့ ပြည်သူ့ အကျိုးစီးပွားကို ဦးတည်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးသို့ ခိုင်မာစွာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့ ရေးသားထားပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့တဲ့ သဝဏ်လွှာမှာလည်း NLDဟာ ခက်ခဲပြင်းထန်တဲ့ နိုင်ငံရေး အနိမ့်အမြင့်အတက်အကျ တွေကို ကြံ့ကြံ့ခံ ဖြတ်သန်းလျက် ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးရဲ့ အခန်းဆက် တာဝန်တွေကို ဒီကနေ့ တိုင် ထမ်းဆောင်နေတာ မြင်ရလို့ ဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။

NLDကလည်း ပါတီတည်ထောင်ခြင်းနှစ်ပတ်လည်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ အာဏာရှင် အဆက်ဆက်တို့ရဲ့ မလိုမုန်းတီးစိတ်ထားနဲ့ ဘယ်လိုပင်တိုက်ခိုက်ချေမှုန်းပါစေ ပြည်သူရှိနေသရွေ့ပါတ ဆက်ရှိနေမယ်လို့ အသိပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။