Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်-မုံရွာကားလမ်းပိုင်း လုံခြုံရေးအတွက် ပိုမိုတင်းကြပ်သွားမယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်

ပုသိမ်-မုံရွာကားလမ်းပိုင်းမှာ အရပ်သားကားပုံစံနဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီကားကို တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်​ပြေးလွတ်မြောက်သွားပြီးနောက် လမ်းပိုင်းလုံခြုံရေးကို ပိုမို တင်းကြပ်သွားတော့မယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် United States Of Burma Army-USBAက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဝင်တွေ စီးနင်းလာတဲ့ကားကို မီးရှို့ဖျက်ဆီးနေစဉ်နဲ့ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းအချို့။ ဓာတ်ပုံ - USBA

စက်တင်ဘာ-၂၉၊ ၂၀၂၅။ လူအေး/People’s Spring

ပုသိမ်-မုံရွာကားလမ်းပိုင်းမှာ အရပ်သားကားပုံစံနဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီကားကို တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်​ပြေးလွတ်မြောက်သွားပြီးနောက် လမ်းပိုင်းလုံခြုံရေးကို ပိုမို တင်းကြပ်သွားတော့မယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် United States Of Burma Army-USBAက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဝင်တွေ စီးနင်းလာတဲ့ကားကို မီးရှို့ဖျက်ဆီးနေစဉ်နဲ့ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းအချို့။ ဓာတ်ပုံ – USBA

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က ပုသိမ်-မုံရွာကားလမ်းပိုင်းမှာ စက်တင်ဘာ ၂၈ရက် မနေ့ည ၁၁ နာရီဝန်းကျင်က တိုက်ပွဲဖြစ်စဉ်ကို USBAက ထုတ်ပြန်လာတာဖြစ်ပါတယ်။

ညနေ ၆ နာရီနောက်ပိုင်း မော်တော်ယာဉ်တွေ ဖြတ်သန်းခွင့်ပိတ်ပင်ထားတဲ့ ကြားကနေ လမ်းမကြီးပေါ် ညဘက်မောင်းနှင်လာတဲ့ကားကို တားဆီးစဉ်မှာ ရပ်တန့်မပေးဘဲ ပစ်ခတ်ထွက်ပြေးသွားတာလို့ ဆိုပါတယ်။ အဲဒီလိုပစ်ခတ်တော့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားမှန်းသိရတာလို့ USBAက သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြန်လည်ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရပြီး ခုခံထွက်ပြေးသွားခဲ့တာပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီးလာတဲ့ကားကို မီးရှို့ဖျက်ဆီးလိုက်ပြီး ဗုံးသီးငါးလုံးနဲ့ စစ်အသုံးဆောင်ပစ္စည်းတချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။။

ပုသိမ်-မုံရွာလမ်းပိုင်းကို စစ်ပွဲကာလ ပြည်သူလူထုဘေးကင်းရေးအတွက် စည်းကမ်းတွေထုတ်ပြန်ထားပြီး တစ်နှစ်ကျော်ကြာအထိ ပညာပေးလုပ်ငန်းတွေလုပ်ခဲ့သလို အသိပေးချက်တွေလည်းထုတ်ပြန်ထားပေမယ့် ခရီးသားပြည်သူတွေဟာ လိုက်နာမှုအားနည်းနေသေးတယ်လို့ ဆိုပါတယ်။

မနေ့ညပိုင်းဖြစ်စဉ်ကလည်း ပြည်သူတွေရဲ့ကားဖြစ်ပါက ထိခိုက်နစ်နာမှာစိုးလို့ ညအမှောင်ထဲ မောင်းလာတဲ့ ရန်သူမိတ်ဆွေမကွဲတဲ့ကားကို လက်ပြတားဆီးစဉ် လုံခြုံရေးတာဝန်ကျကာကွယ်ရေးရဲဘော်တွေပါအသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း လွတ်မြောက်သွားခဲ့တယ်လို့ ရှင်းပြထားပါတယ်။

အဲဒီလိုဖြစ်စဉ်တွေ နောက်ထပ်မဖြစ်အောင်လို့ ပုသိမ်-မုံရွာကားလမ်းပိုင်းမှာ စည်းကမ်းဖောက်ဖျက်မောင်းနှင်လာတဲ့ ဘယ်လို မော်တော်ယာဉ်မဆို ပစ်ခတ်ဖမ်းဆီးတော့မယ်လို့ USBAက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေ လုံခြုံရေးအထူးသတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

“ပုသိမ်-မုံရွာလမ်းပိုင်းကတော့ စစ်ကောင်စီအဓိကသုံးပြီး အင်အားဖြည့်နေတာ။ အရပ်သားတွေအနေနဲ့ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို သတိပြုဖို့လိုပါတယ်”လို့ အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပုသိမ်-မုံရွာလမ်းပိုင်းကို အသုံးပြုမယ့် ဒေသခံတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်သူတွေ၊ စေတနာ့ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို သတိပြုဖို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ချိတ်ဆက်သတင်းပို့ဖို့၊ ထုတ်ပြန်ထားတဲ့စည်းကမ်းတွေကို လိုက်နာဖို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်မတော်(PLA)နဲ့ USBAတို့က မကြာခဏထုတ်ပြန်သတိပေးနေပါတယ်။။

မကွေးတိုင်း မင်းတုန်း၊ အထက်မင်းလှ၊ ငဖဲမြို့နယ်‌တွေနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ရေးဆက်လက်တင်းမာနေပြီး စစ်ကောင်စီက ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)က တပ်ဖွဲ့ဝင်တွေကို အသုံးပြုပြီးစစ်ကြောင်းထိုးနေပါတယ်။

ဆက်စပ်သတင်းများ