Connect with us

Hi, what are you looking for?

သတင်း

ရွှေဈေးတကျပ်သား ကျပ်သိန်း ၈၀ကျော်လာ

ကမ္ဘာ့ရွှေဈေးစံချိန်တင်ဆက်မြင့်တက်နေပြီးပြည်တွင်းရွှေဈေးတကျပ်သားကျပ်သိန်း ၈၀ ကျော်လာနေတယ်လို့ရွှေနှင့်ငွေဈေးကွက်အရောင်း အဝယ်လုပ်နေသူတွေက ပြောပါတယ်။

စက်တင်ဘာ-၃၀၊ ၂၀၂၅။ဇော်ဝင်း /People’s Spring

ကမ္ဘာ့ရွှေဈေးစံချိန်တင်ဆက်မြင့်တက်နေပြီးပြည်တွင်းရွှေဈေးတကျပ်သားကျပ်သိန်း ၈၀ ကျော်လာနေတယ်လို့ရွှေနှင့်ငွေဈေးကွက်အရောင်း အဝယ်လုပ်နေသူတွေက ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၃၀ရက်) နံနက်ပိုင်း ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၃,၈၅၅ ဈေးနဲ့ စံချိန်တင်ပြီး သမိုင်းတလျှောက်အမြင့်ဆုံး ဈေးလို့ ဆိုပါတယ်။

ဒါ့အပြင် ၂၄ နာရီအတွင်းကို ဒေါ်လာ ၁၀၀နီးပါး ကမ္ဘာ့ရွှေက ဈေးတက်နေတဲ့အပြင် လွန်ခဲ့တဲ့ လကထက် တအောင်စကို ဒေါ်လာ ၃၀၀ ဝန်းကျင်ထိ အတက်ဘက်ရောက်နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ကမ္ဘာ့ Geopolitics(ပထဝီနိုင်ငံရေး)ကြောင့်လို့ပဲ ပြောရမယ်။အခုက ဥရောပ နိုင်ငံတွေရဲ့စစ်ရေးပြင်ဆင်နေတာရော။ဒေါ်လာတန်ဖိုးကျနေတာတွေကြောင့် ကမ္ဘာ့ရွှေက တရှိန်ထိုးမြင့်နေတာ”လို့ ရွှေဈေးစောင့်ကြည့်သူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြင်ပရွှေဈေးကွက်မှာလည်း ၁၆ ပဲရည် တကျပ်သားမှာ ကျပ်၈၁ သိန်းဝန်းကျင်နဲ့ ၁၅ ပဲရည်ဈေးက ကျပ်သိန်း ၇၆သိန်း နီးပါးအရောင်း အဝယ်ရှိနေတယ်လို့ ပြည်တွင်းရွှေဈေးအရောင်း အဝယ်လုပ်နေသူအချို့က အသိပေးပါတယ်။

“ဒေါ်လာဈေးကျနေလို့ ရွှေဈေးက အတက်ဘက်ကို အလွန်အကျွံမရောက်သေးတာ။ဒါပေမယ့် တစ်ကျပ်သားဈေးကတော့ ၁၆ ရော၊ ၁၅ ပဲရည်ရောဒီနေ့ ငါးသောင်းပတ် ချာလည်လောက်တော့ ဈေးတက်တယ်”လို့ ပြင်ပရွှေဝယ်ရောင်းလုပ်နေသူတဦးက ပြောပါတယ်။

တရှိန်ထိုးတက်နေတဲ့ ကမ္ဘာ့ရွှေဈေးအခြေအနေကြောင့် ရွှေဆိုင်များရဲ့ ဈေးသတ်မှတ်မှုနဲ့ ပြင်ပရွှေ ဈေးကို ချိန်ဆပြီး အရောင်းအဝယ်လုပ်ကြဖို့လည်း ရွှေဈေးကွက်စောင့်ကြည်သူတဦးက တိုက်တွန်းပါတယ်။

ပြည်တွင်းရွှေချိန်တွယ်ရာမှာ ကျပ်၊ပဲ၊မူး၊ရွေး ကိုအသုံးပြုထားလို့ ကမ္ဘာ့ရွှေအချိန်အတွယ် တအောင်စ နဲ့နှိုင်းယှဉ်ရင် တစ်ကျပ်သား ၀ ဒသမ ၅၂၅ အောင်စ ရှိပါတယ်။

ဒါကြောင့် ဒီကနေ့ (ကမ္ဘာ့ရွှေပေါက်ဈေး တစ်ဒေါ်လာငွေလဲနှုန်း ၀ ဒသမ ၅၂၅ )နဲ့ တွက်ရင် ရရှိမယ့် ပမာဏက အနီးစပ်ဆုံးပြည်တွင်း အခေါက်ရွှေဈေးရရှိမယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ရွှေလုပ်ငန်းရှင်အသင်းက ၁၆ပဲရည်တစ်ကျပ်သားကို ၅,၉၉၀ ,၀၀၀ ကျပ်နဲ့ ရည်ညွှန်းဈေးသတ်မှတ်ပြီး ရွှေဆိုင်တွေကို ရောင်းဝယ်ဖို့ ညွှန်ကြားထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီသတ်မှတ်ဈေးနဲ့ ရွှေဆိုင်တွေ အရောင်းအဝယ်မပြုလုပ်ကြပါဘူး။ဒီကနေ့ ပြည်တွင်းနိုင်ငံ ခြားငွေလဲနှုန်းဈေးကွက်အရ တစ်ဒေါ်လာ ပြင်ပပေါက်ဈေး အဝယ် ကျပ် ၄,၁၀၀နဲ့ အရောင်းကျပ် ၄,၂၀၀ ဝန်းကျင် ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ

သတင်း

ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် ပြည်တွင်းရွှေစျေးမှာ တစ်ကျပ်သား ကျပ်၈၆ သိန်းကျော်လာပြီလို့ ရွှေ၊ငွေ အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေး ဆက်လက်မြင့်တက်ကာ ပြည်တွင်းရွှေစျေးလည်း တကျပ်သား ကျပ်သိန်း ၈၀ခန့်ရှိလာတယ်လို့ ရွှေနဲ့ငွေ အရောင်းအဝယ်ပြုလုပ်နေသူအချို့က ပြောပါတယ်။