Connect with us

Hi, what are you looking for?

သတင်း

ရွေ့ပြောင်းမြန်မာလုပ်သားတွေလိုက်ပါတဲ့ကားထိုင်းမှာလမ်းဘေးချောက်ထဲထိုးကျ

ရွှေ့ပြောင်း အခြေချသူ မြန်မာနိုင်ငံသားတွေ လိုက်ပါလာတဲ့ ကားတစ်စီးဟာ ရဲလိုက်ဖမ်းတာကို မောင်းပြေးရင်း လမ်းဘေး ချောက်ထဲကို အရှိန်နဲ့ ထိုးကျခဲ့ပေမယ့် ကံကောင်း ထောက်မစွာနဲ့ အားလုံး အသက်ရှင်ခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

ဓာတ်ပုံ - Bangkok Post

စက်တင်ဘာ – ၃၀ ၊၂၀၂၅

ရွှေ့ပြောင်း အခြေချသူ မြန်မာနိုင်ငံသားတွေ လိုက်ပါလာတဲ့ ကားတစ်စီးဟာ ရဲလိုက်ဖမ်းတာကို မောင်းပြေးရင်း လမ်းဘေး ချောက်ထဲကို အရှိန်နဲ့ ထိုးကျခဲ့ပေမယ့် ကံကောင်း ထောက်မစွာနဲ့ အားလုံး အသက်ရှင်ခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့က ကန်ချနာဘူရီ ပြည်နယ်ရဲ့ သောင်ဖာဖွမ် ခရိုင်ထဲမှာ အဝေးပြေးလမ်း မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တာပါ။ အာဏာပိုင်တွေရဲ့ အဆိုအရ Isuzu Mu-7 အမျိုးအစား မော်တော်ကားဟာ စစ်ဆေးရေးဂိတ်မှာ တာဝန်ရှိသူတွေက တားဆီးတာကို ရပ်တန့်မပေးဘဲ မောင်းပြေးခဲ့တာကြောင့် ရဲတွေက အပူတပြင်း လိုက်ဖမ်းခဲ့တယ်လို့ သိရပါတယ်။

နောက်တော့ မြန်နှုန်းမြှင့်ပြီး မောင်းပြေးတဲ့ ကားဟာ မော်တော်ဆိုင်ကယ် တစ်စီးနဲ့ တိုက်မိပြီး လမ်းဘေး လျှိုတစ်ခုထဲ ထိုးဆင်းသွားခဲ့ပါတယ်။ ယာဉ်မောင်းဟာ ပျက်စီးနေတဲ့ ကားတံခါးကြားကနေ ထွက်ပြေး လွတ်မြောက်သွားပေမယ့် ကားထဲမှာ လိုက်ပါလာတဲ့ အထောက်အထားမဲ့ မြန်မာ ၂၈ ဦးကတော့ ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ ဓာတ်ပုံအရတော့ ကားဟာ အတော်ကြီး ပျက်စီးသွားခဲ့တာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဖမ်းခံရသူတွေက အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၉ ဦးဖြစ်ပြီး အေးဂျင့်တွေကို ဆက်သွယ်ပြီး ထိုင်းနိုင်ငံ ပိုင်နက်ထဲ တရားမဝင် ဝင်ရောက်ခဲ့သူတွေဆိုတာ ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း ရဲတွေက ဆိုပါတယ်။

မြန်မာ ၂၈ ဦးရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ ဆန်ခလာဘူရီကို တောလမ်းတွေကနေ ဝင်ရောက်ခဲ့ပြီး အဲဒီနောက် ဗဂျီရာလောင်ကွန်း ဆည်ကို လှေနဲ့ဖြတ်ခဲ့တဲ့နောက် Isuzuကားနဲ့ ခရီးဆက်လာခဲ့တာလို့ သိရပါတယ်။

သူတို့တစ်ဦးချင်းစီက ဘန်ကောက်နဲ့ အနီးတဝိုက် ခရိုင်တွေမှာ အလုပ်လုပ်ဖို့အတွက် အေးဂျင့်တွေကို တစ်ယောက် ဘတ် ၁၈,၀၀၀ နဲ့ ၂၀, ၀၀၀ ကြားပေးဆောင်ခဲ့ရတယ်လို့လည်း ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook