အောက်တိုဘာ-၁၊၂၀၂၅။အိမ်သွင်/People’s Spring
မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ပိုင်းကို ဒီကနေ့(အောက်တိုဘာ ၁ရက်) နံနက် ၁၁နာရီမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားလို့ အရပ်သားထိခိုက်မှုတချို့ရှိတယ်လို့ သိရပါတယ်။
“အနောက်ပိုင်းက ညောင်ပင်မရောက်ခင်နားက အိမ်တွေထိတယ်။ လူတချို့ထိသွားတယ်လို့ကြားတယ်”လို့ မိုးကုတ်မြို့ခံတဦးက ပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းကို စက်တင်ဘာ၂၁ရက် ညနေကလည်း စစ်ကောင်စီက ဗုံးကြဲခဲ့ပါသေးတယ်။

Public Service Announcement
မိုးကုတ်မြို့ဟာတအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA) ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပါတယ်။လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ TNLAဟာ ကျောက်မဲမြို့နယ်နဲ့ နောင်ချိုမြို့နယ်ထဲက နေရာအချို့မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
TNLA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်နေသလို ယခုရက်ပိုင်းမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ကရင်နီပြည်နယ်ကမြို့တချို့ကိုလည်းစစ်ကောင်စီကဗုံးကြဲလို့ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
မြေပြင်တိုက်ပွဲတွေမှ ာစစ်ရှုံးနေတဲ့စစ်ကောင်စီက အရပ်သားတွေကိုပစ်မှတ်ထားပြီလေကြောင်းကနေတိုက်ခိုက်နေလို့ လေကြောင်းအန္တရာယ်နဲ့ စစ်ရေးသတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကချင်လွတ်လပ် ရေးတပ်မတော်(KIA)၊ အာရက္ခတပ်တော်(AA)၊ TNLA နဲ့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။


















































