Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းကကုန်ပစ္စည်းတွေတင်ပြီး မန္တလေး ဝင်တဲ့ကားတွေကို စစ်တပ် ဖမ်းဆီး

စစ်ကိုင်းတိုင်းဘက်ကနေ မန္တလေးမြို့ဝင်လာတဲ့ကားတွေမှာ ဒေသထွက်ကုန် ကြက်သွန်ဖြူ၊နီအပါအဝင် သစ်သီးကအစ စစ်တပ်က ဖမ်းဆီးနေပြီး လူပါတရားစွဲတယ်လို့ ကုန်ကားသမား တွေက ပြောပါတယ်။

စစ်ကိုင်းတံတားပေါ်မှာ ယာဉ်စစ်ဆေးနေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

အောက်တိုဘာ-၁၊၂၀၂၅၊မေ/ People’s Spring

စစ်ကိုင်းတိုင်းဘက်ကနေ မန္တလေးမြို့ဝင်လာတဲ့ကားတွေမှာ ဒေသထွက်ကုန် ကြက်သွန်ဖြူ၊နီအပါအဝင် သစ်သီးကအစ စစ်တပ်က ဖမ်းဆီးနေပြီး လူပါတရားစွဲတယ်လို့ ကုန်ကားသမား တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းကနေ မန္တလေးမြို့ဘက်ကိုဝင်တဲ့ကုန်ကားတွေကို ဒေသထွက်ကုန် ကြက်သွန်ဖြူ၊ကြက်သွန်နီ၊အာလူး၊သခွားမွှေး၊ပန်းသီးကားတွေကို မန္တလေးအဝင်ကနေ စစ်တပ်ကဖမ်းဆီးနေတယ်လို့ သိရပါတယ်။

“တရားမဝင်ကုန်ဆိုပြီး ဖမ်းတာပဲ။ရှေ့မှာအဖမ်းခံထားရသူတွေရှိတယ်။လိုက်နိုင်ရင်ကားသိမ်းတယ်။မလိုက်နိုင်ရင်လူပါဖမ်းတယ်”လို့ ကုန်ကားသမားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလကုန်ပိုင်းက အသီးကားတွေကို ကားကိုပါဖမ်းဆီးလိုက်တာ တွေရှိပြီး ကားသမား တွေဂရုစိုက်သင့်တယ်လို့ ၎င်းကဆက်ပြောပါတယ်။

နောက်ထပ်ကားသမားတဦးကတော့ စစ်တပ်ကို ပိုက်ဆံ ပေးပြီး သယ်ဆောင်ရတာဖြစ်ပြီး ထောက်ခံစာတွေတရားဝင်လိုင်စင်နဲ့ မြေပဲဆံအပါအဝင် ဒေသထွက် တောင်သူတွေရဲ့ ကုန်စည်တွေကို ရောင်းချဖို့ သယ်ဆောင်ရင် တောင် ငွေမပေးရင်ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်ကိုင်းနဲ့ မန္တလေးတိုင်းကို ကုန်စည်သယ်ယူခွင့်အများအပြားကန့်သတ်ထားပြီး ၎င်းလက်အောက်ခံဝန်ထမ်း တွေကလည်း ခွင့်ပြုကုန်စည်ကို ဖမ်းဆီးတာတွေပါ ပြုလုပ် နေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ