အောက်တိုဘာ-၁၊၂၀၂၅။မိုမို/People’s Spring
ပဲခူးမြို့နယ်အတွင်းမှာ ပြန့်ကျဲနေတဲ့ ရဲဘော်တွေကိုစုဖွဲ့ပြီး ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖြစ် ဖွဲ့စည်းလိုက်ပါတယ်။
ရွေ့လျားလာတဲ့ တော်လှန်ရေးရေစီးကြောင်း လိုအပ်ချက်အရ အမျိုးသားညီညွတ်ရေးအစိုး ရ(NUG) ညွှန်ကြားချက်နဲ့အညီ ပဲခူးမြို့နယ် အတွင်းက ပဲခူး၊ ဘုရားကြီး၊ အင်းတကော်ဒေသမှာရှိတဲ့ ရဲဘော်တွေကို စုဖွဲ့လိုက်တာလို့ ဆိုပါတယ်။
“အာဏာသိမ်းပြီးကာစ တော်လှန်နယ်မြေရောက်လာကြတုန်းက ကိုယ်ကျင်လည်ကျွမ်းကျင်ရာမြို့ရွာတွေမှာသာ UGလှုပ်ရှားမှုတွေ စစ်ဆင်ရေးတွေလုပ်နေခဲ့ကြတာပါ။ဥပမာ ဘုရားကြီးပကဖ၊ အင်းတကော်ပကဖ၊ ပဲခူးပခဖ အစရှိသဖြင့် စုဖွဲ့မှု တမျိုးစီနဲ့ရပ် တည်ခဲ့ကြတာပါ။အဲ့ဒီချိန်က အမျိုးသားညီညွတ် ရေးအစိုးရရဲ့ ပံ့ပိုးမှုကလည်းအားနည်းတာကြောင့် ကိုယ့်ပတ်ဝန်းကျင်က တော်လှန်ထောက်ပို့သူတွေ အနယ်နယ်အရပ်ရပ်ပြည်သူတွေပေးပို့မှုနဲ့သာရပ်တည်ခဲ့ကြရပါတယ်။ အခုခါမှာတော့ ထိုက်သင့်သ လောက်ထောက်ပံ့မှုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့လမ်းညွှန်အရ ပိုမိုကျစ်လစ်အားကောင်းတဲ့ မြို့နယ်အဖွဲ့စည်းဖြစ်စေဖို့ ရည်ရွယ်ပြီး စုဖွဲ့ခဲ့ခြင်းဖြစ်ပါတယ်”လို့ ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံက ပြောပါတယ်။

Public Service Announcement
စုဖွဲ့မှုမှာပါတဲ့ ရဲဘော်တွေက ပဲခူးမြို့တွင်းလှုပ်ရှားမှုတွေမှာ လှုပ်ရှားခဲ့ကြသူတွေ ဖြစ်သလို မြေပြင်တိုက်ခိုက်ရေးစစ်ကြောင်းတွေမှာလည်းပါဝင်လှုပ်ရှားနေကြသူတွေလို့ အသိပေးပါတယ်။
“မြို့နယ်စုဖွဲ့မှုအားကောင်းပြီး စစ်ရေးပုံဖော်မှုပိုမိုလုပ်ဆောင်နိုင်စေဖို့ ဖွဲ့စည်းခဲ့ကြတာ”လို့ အထက်ပါတာဝန်ခံက ရှင်းပြပါတယ်။
ပဲခူးမြို့နယ်အတွင်း တော်လှန်လိုစိတ်ရှိတဲ့ ဘယ်သူမဆို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက်ကဏ္ဍအလိုက်နိုင်တဲ့ဘက်ကနေ ပူး ပေါင်းပါဝင်ပေးဖို့လည်း တိုက်တွန်းပါတယ်။
လက်ရှိ ပဲခူးမြို့နယ် အနီးမှာရှိတဲ့ ဝေါ၊ကဝ၊သနပ်ပင်နဲ့ ဒိုက်ဦး မြို့နယ်က ကာကွယ်ရေးအဖွဲ့တွေနဲ့ မြေပြင်တော်လှန်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က အသိပေးပါတယ်။
ပဲခူး မြို့နယ်ထဲမှာ တပ်မ(၇၇)လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခြေမြန်တပ်ရင်း ခမရ(၇)၊ ၈ ၊ ၁၀၁၊၁၀၅၊၁၀၇ နဲ့ ခြေလျင်တပ်ရင်း ခလရ(၅၉)တပ်ရင်းတွေ ရှိပါတယ်။
အခုနှစ် မေလတတိယပတ်က ပဲခူးမြို့နယ် အ
နောက်ခြမ်း ဇီးတောရွာက စစ်ကောင်စီ ကာကင်းစခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး လက် နက် ၁၀ လက်ကျော်ရရှိခဲ့တယ်လို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေသတင်းပြန်ကြားရေးက ဖော်ပြထားပါတယ်။


















































