Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင် ငလျင်ကြောင့် သေဆုံးသူ ၆၉ ဦးထိရှိလာ

ဖိလစ်ပိုင်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် သေဆုံးသူ ဦးရေဟာ ၆၉ ဦးထက် မနည်းထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။

BOGO CITY, CEBU, PHILIPPINES - OCTOBER 1: Local residents stay on the streets near the debris of damaged buildings amid frequent aftershocks, following a magnitude 6.9 earthquake that jolted parts of the island, in Bogo City, Cebu, Philippines on October 01, 2025. Widespread damages to structures and properties, and multiple injuries and deaths have been reported following a powerful magnitude 6.9 earthquake that struck parts of Cebu on September 30. Local governments have declared a state of calamity in re

ဖိလစ်ပိုင်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် သေဆုံးသူ ဦးရေဟာ ၆၉ ဦးထက် မနည်းထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ ညပိုင်းက ကျွန်းစုနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်ရဲ့ အလယ်ပိုင်းလောက်က ပင်လယ်ပြင်ကို ဗဟိုပြုပြီး မဂ္ဂနီကျု ၆.၉ အဆင့် ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ကြောင့် လူတွေ သေကြေ ဒဏ်ရာရခဲ့သလို အဆောက်အအုံတွေလည်း ပျက်စီးခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့မှာတော့ ငလျင်ဘေးသင့် ဧရိယာတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်နေသလို လျှပ်စစ်မီးနဲ့ ရေပြတ်တောက်မှုတွေကို ပြင်ဆင်ဖို့လည်း အပူတပြင်း ဆောင်ရွက်နေကြပါတယ်။

ငလျင်ဗဟိုချက်နဲ့ သိပ်မဝေးတဲ့ ဘိုဂို၊ ဆမ်ရီမီဂျီယိုနဲ့ မက်ဒယ်လင်စတဲ့ မြို့တွေမှာ အသေအပျောက် ဒါဇင်နဲ့ချီ ရှိခဲ့ပြီး အပျက်အစီးတွေအောက် ပိတ်မိနေနိုင်သူတွေကြောင့် နောက်ထပ် သေဆုံးစာရင်း တိုးလာမှာကို အာဏာပိုင်တွေက စိုးရိမ်နေပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ထွန်းကားပြီး လူဦးရေ ၃.၄ သန်းလောက် နေထိုင်ရာ ဆီဘူဒေသ အနှံ့မှာတော့ ငလျင်ကြောင့် ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဆီဘူရဲ့ အုပ်ချုပ်ရေးမှူး ပယ်မလာ ဘာရီကွမ်ထရိုက ထိခိုက်ပျက်စီးမှု အတိုင်းအတာဟာ မူလက ခန့်မှန်းထားတာထက် အများကြီး ပိုဆိုးခဲ့တယ်လို့ Facebookပေါ်မှာ အောက်တိုဘာ ၁ ရက်နေ့က ရေးသားခဲ့ပါတယ်။

ဖိလစ်ပိုင် ငလျင်တိုင်းတာရေး အေဂျင်စီက ငလျင်လှုပ်ပြီးပြီးချင်းမှာ ကမ်းခြေဒေသ နေထိုင်သူတွေ အနေနဲ့ မူမမှန်တဲ့ လှိုင်းလှုပ်ရှားမှုတွေကို သတိပြုဖို့ ကနဦး ထုတ်ပြန်ခဲ့ပေမယ့် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်မျိုးတော့ မကြေညာခဲ့ပါဘူး။

ဖိလစ်ပိုင်ဟာ တိုင်ဖွန်းမုန်တိုင်း နှစ်ခုဆက်တိုက် ဖြတ်သန်းဝင်ရောက်ပြီး လူဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ အခြေအနေအပြီး ရက်ပိုင်းအကြာမှာ ငလျင်နဲ့ပါ ထပ်ပြီး ကြုံလာရတာပါ။ ငလျင်ကတော့ ဒီနှစ်ထဲမှာ နိုင်ငံရဲ့ အသေအပျောက် အများဆုံး သဘာဝ ဘေးဆိုးလည်း ဖြစ်လာပါတယ်။

ဖိလစ်ပိုင်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုတွေ၊ မီးတောင်ပေါက်ကွဲမှုတွေနဲ့ မစိမ်းလှပါဘူး။ ဇန်နဝါရီလတုန်းကလည်း ဖိလစ်ပိုင်မှာ ငလျင်နှစ်ခု လှုပ်ခဲ့ပေမယ့် အသေအပျောက် မရှိခဲ့ပါဘူး။ ၂၀၂၃ တုန်းက မဂ္ဂနီကျု ၆.၇ အဆင့် ကမ်းလွန်ငလျင်တစ်ခု လှုပ်ခတ်ရာက ဖိလစ်ပိုင်မှာ ၈ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: Euro News

ဓာတ်ပုံ – Reuters, AP, AFP, Anadolu

ဆက်စပ်သတင်းများ