အောက်တိုဘာ-၁၊၂၀၂၅။သတိုး/People’s Spring
စစ်ကောင်စီရွေးကောက်ပွဲအတွက်လုပ်ဆောင်နေသလို လူငယ်တွေကိုဖမ်းပြီး ရောင်းစားနေတဲ့ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၂၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“အုပ်ကြီးနဲ့အပေါင်းအပါရုံးထဲဝင်မှ ဝင်ထုတာပါအထိခိုက်ရှိမယ်”လို့ ပြောပါတယ်။
စက်တင်ဘာ ၃၀ရက် ည ၁၁နာရီခန့်မှာ Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ ပူးပေါင်းပြီး အထက်ပါ ရပ်ကွက်ရုံးကို ပြင်းအားမြင့်မိုင်း တစ်လုံး ၊ လက်ပစ်ဗုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement
Yangon Army အနေနဲ့ စစ်ကောင်စီရွေးကောက်ပွဲ အတွက် ကူညီလုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးမှုးရုံးတွေကို ဆက်တိုက် တိုက်ခိုက်မှုတွေလုပ်ဆောင်နေတာဖြစ်ပြီး ပြည်သူတွေဘက်ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေ ဖိနှိပ်တာခံနေရတဲ့ အကြောင်းကို နေ့စဉ်တိုင်ကြားမှုတွေရှိတယ်လို့ ဆိုပါတယ်။
“ကျနော်တို့လဲအကုန်လုံးကိုလိုက်မလုပ်နိုင်တော့စာထုတ်ပြီးသတိအရင်ပေးတာလုပ်ရတယ်။ဒါကိုတချို့လူတွေကအားမလိုအားမရလာပြောကြတယ်။သတိပေးနေရတော့မဲ့အချိန်မဟုတ်ဘူးဘာညာပေါ့ဗျာ၊ကျနော်တို့ကပိုပြီးတောင်အဲ့ပြောထက်သူတွေထက်အဲ့ကောင်တွေကိုလုပ်ချင်တာပေါ့။မစ်ရှင်တစ်ခုလုပ်ဖို့ဆိုတာကုန်ကျစရိတ်များတယ်ချိန်ပြီးလုပ်နေရတဲ့အနေအထားတွေမှာတချို့သူတွေနားလည်စေချင်တယ်ဗျာ” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ဒီနေ့ မစ်ရှင်အကြောင်းကို အနောက်ပိုင်းခရိုင် ပကဖ ကလည်း “အုပ်ကြီးတွေ အစဉ်လိုက်လာမယ်”လို့ ရေးသား ထုတ်ပြန်ထားပါတယ်။
Yangon Army အဖွဲ့အနေနဲ့ ဩဂုတ် နဲ့စက်တင်ဘာလ အတွင်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက်လုပ်ဆောင်နေသူတွေကို ဒီနေ့ မစ်ရှင်အပါအဝင် ငါးကြိမ် တိုက်ခိုက်ခဲ့ပါတယ်။
“ကိုယ်ရပ်ကွက်ကို ကိုယ်တိုင်ဖိနှိပ်အနိုင်ကျင့်နေတဲ့အုပ်ကြီးတွေဆီကျနော်တို့အရောက်လာမယ်လို့ပြောပေးပါ။စောတာနဲ့နောက်ကျတာနဲ့ဘဲကွာပါမယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။


















































