Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ထဲ စစ်တပ်ပြန်ဝင်

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့မှာ ဒီနေ့ တိုက်ပွဲပြင်းထန်ခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်စစ်ကြောင်းတချို့ဟာ မြို့အတွင်းဝင်ရောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

​အောက်တိုဘာ-၁၊၂၀၂၅။People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့မှာ ဒီနေ့ တိုက်ပွဲပြင်းထန်ခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်စစ်ကြောင်းတချို့ဟာ မြို့အတွင်းဝင်ရောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ရဲ့စစ်ကြောင်းတစ်ကြောင်းက ရပ်ကွက်(၉)ဘက်ကနေ ဝင်လာတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ဒီနေ့ မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်တာမျိုး မရှိခဲ့ဘဲ ရပ်ကွက်(၁)ဘက်မှာတော့ ပစ်ခတ်သံတချို့ကြားရတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။

ကျောက်မဲမြို့ကို တစ်နှစ်ကျော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တအာင်းတပ်မတော်(TNLA)က ပြင်းပြင်းထန်ထန်ခုခံခြင်းမရှိဘဲ ဆုတ်ခွာသွားတယ်လို့ မြို့ခံက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

၁၀၂၇စစ်ဆင်ရေးနဲ့ TNLAက ကျောက်မဲမြို့ကိုသိမ်းပိုက်ခဲ့စဉ်က ထောက်ခံခဲ့တဲ့ဒေသခံတချို့ကလည်း TNLAဆုတ်ခွာသွားတာမြန်တယ်လို့ ဝေဖန်နေပါတယ်။ နောင်ချိုမြို့ကနေ ဆုတ်ခွာစဉ်ကလည်း မြို့ခံတွေရဲ့ ဝေဖန်မှုကိုခံခဲ့ရတဲ့ TNLAဟာ ကျောက်မဲမြို့မှာလည်း ထပ်မံကြုံတွေ့ရတာ ဖြစ်ပါတယ်။

TNLAကအောက်တိုဘာ ၁ရက် ထုတ်ပြန်ချက်မှာတော့ မနေ့က နေ့ခင်းပိုင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချတိုက်ခိုက်လို့ ကျောက်မဲမြို့က ဌာနဆိုင်ရာရုံးတချို့ မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်က အင်အားအများအပြားသုံးပြီး လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း၊ အဆိပ်ငွေ့ဗုံးတွေ အသုံးပြုပြီး ရမ်းသမ်းတိုက်ခိုက်နေလို့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျောက်မဲမြို့အနီး ပင်တီးကျေးရွာနဲ့ နောင်ချိုမြို့နယ် ဘန်ကာချောင်းအနီးမှာ မနေ့ကရော ဒီနေ့ပါ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ TNLAထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့မှာတော့ စစ်ကောင်စီတပ် မြေပြင်စစ်ကြောင်းတွေ ကျောက်မဲမြို့ထဲကို ဝင်ရောက်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်အ​ကောင့်နဲ့ ချန်နယ်လ်တွေက ဖော်ပြနေကြပါတယ်။ TNLAရဲ့ ဒီိနေ့ ထုတ်ပြန်ချက်မှာတော့ ကျောက်မဲမြို့တွင်းအခြေအနေကို အသေး စိတ်ဖော်ပြထားခြင်းမရှိပါဘူး။

ကျောက်မဲမြို့ စစ်ရေးနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး TNLAကို People’s Spring က ဆက်သွယ်မေးမြန်းထားပြီး တုန့်ပြန်ဖြေကြားချက် မရရှိသေးပါဘူး။

ဆက်စပ်သတင်းများ