Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံကြောင်း စစ်ကိုင်းမှာ ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ပြည်သူ့သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံကြောင်း သပိတ်လှုပ်ရှားမှုတွေကိုဒီကနေ့(အောက်တိုဘာ ၁)မှာပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊

အောက်တိုဘာ-၁၊၂၀၂၅။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ပြည်သူ့သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံကြောင်း သပိတ်လှုပ်ရှားမှုတွေကိုဒီကနေ့(အောက်တိုဘာ ၁)မှာပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံကြောင်း၊ “Our Ambassador Our Voice ငါတို့သံအမတ်ကြီးသည် ငါတို့အသံ ဖြစ်သည်” စာသားကိုင်ဆောင်ပြီး လူထုဆန္ဒကို ထုတ်ဖော်ခဲ့ကြပါတယ်။

မြောင်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ကျောင်းသားလူငယ်တွေနဲ့အတူ “Our Ambassador Our Voice”၊ “ငါတို့ရဲ့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့ အသံဖြစ်သည်”စာသားနဲ့ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့ ” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

မင်းကင်းမြို့နယ် အူရွာရှိ အခြေခံပညာကျောင်းတစ်ကျောင်းမှာလည်း ကျောင်းသားလူငယ်တွေက “Books Not Bombs” ၊ “We only need books & peace…….. we don’t need conflict & Bombs” စာသားကိုင်ဆောင်ပြီး စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ