Connect with us

Hi, what are you looking for?

သတင်း

နမ္မတူမြို့ လေကြောင်းတိုက်ခိုက်မှု အရပ်သား သုံးဦးသေဆုံး၊ ကလေးငယ်အပါအဝင် ခြောက်ဦးဒဏ်ရာရဟု TNLAထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နမ္မတူနဲ့ မန်တုံမြို့ကို ဒီနေ့(အောက်တိုဘာ ၂ရက်) မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ရာ အရပ်သားသုံးဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

နမ္မတူမြို့ စစ်ကောင်စီ ဗုံးကြဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

အောက်တိုဘာ-၂၊၂၀၂၅။/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နမ္မတူနဲ့ မန်တုံမြို့ကို ဒီနေ့(အောက်တိုဘာ ၂ရက်) မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ရာ အရပ်သားသုံးဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီကနေ့ နံနက် ၇နာရီ မိနစ်၂၀အချိန်မှာ ပြည်သူလူထုတွေတည်ရှိရာကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကနေ နမ္မတူမြို့မှာ ဗုံးတလုံးနဲ့ မန်တုံမြို့မှာ လေးလုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နမ္မတူမြို့က ပြည်သူ သုံးဦး သေဆုံးခဲ့ပြီး ကလေးအပါအဝင် (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၈)လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ယမန်နေ့လည်း မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား တဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် တလုံးလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိရန်ဖို့ အပ်ပြီး လေကြောင်းရန် ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဖို့လည်း TNLAက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။