Connect with us

Hi, what are you looking for?

သတင်း

လူနဲ့ လက်နက်ခဲယမ်းအင်အားမမျှလို့ ​ကျောက်မဲမြို့က ​ခေတ္တဆုတ်​ပေးလိုက်ရလို့TNLA ​ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့ကနေ ဆုတ်ခွာပေးလိုက်ရပြီး လူအင်အားနဲ့ လက်နက်ခဲယမ်း မမျှတတာကြောင့် ဆက်လက်ခုခံဖို့ ခက်ခဲနေတာကြောင့် ခေတ္တဆုတ်ပေးလိုက်ရတာလို့ တအာင်းတပ်မတော်(TNLA)က ပြောကြားပါတယ်။

၁၀၂၇ စစ်ဆင်​ရေး ဒုတိယပိုင်းရှေ့တန်းတစ်​နေရာမှ TNLA တပ်ဖွဲ့ဝင်​တွေ ။ဓါတ်ပုံ-TNLA

■​ကျောက်မဲ​၊​ နောင်ချိုတိုက်ပွဲသင်ခန်းစာယူပြီးပြန်လည်သုံးသပ်ပြင်ဆင်သွားမယ်လို့ဆို

စစ်တပ်ကို တိုက်ခိုက်ရန်ရှမ်းမြောက်က လက်နက်ကိုင်တပ်ဖွဲ့တွေအပြင် တော်လှန်ရေးတပ်တွေအားလုံးကိုလည်းဖိတ်​ခေါ်

​အောက်တိုဘာ-၂၊၂၀၂၅။People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့ကနေ ဆုတ်ခွာပေးလိုက်ရပြီး လူအင်အားနဲ့ လက်နက်ခဲယမ်း မမျှတတာကြောင့် ဆက်လက်ခုခံဖို့ ခက်ခဲနေတာကြောင့် ခေတ္တဆုတ်ပေးလိုက်ရတာလို့ တအာင်းတပ်မတော်(TNLA)က ပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

“တပ်ဆုတ်ထားပြီ အခြေအနေမျိုးဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မြို့တွင်းထဲမှာဆို စစ်ကောင်စီတပ်က ဝင်ရောက်ပြီးတော့မှ ထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်”လို့ တအာင်းတပ်မတော် (TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။

တစ်နှစ်​ကျော် သိမ်းပိုက်ထိန်းချုပ်ထားခဲ့တဲ့ ကျောက်မဲမြို့ကနေ TNLAတပ်တွေ ​အောက်တိုဘာ ၁ ရက်​​မှာ ဆုတ်ခွာပေးလိုက်ရအပြီး နောက်တရက်ဖြစ်တဲ့အောက်တိုဘာ ၂ ရက်မှာ People’s Spring ရဲ့ဆက်သွယ်မေးမြန်းမှုအ​ပေါ် (TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားတာ ဖြစ်ပါတယ်။

ရှမ်းမြောက်က ကျောက်မဲနဲ့နောင်ချိုမြို့ကနေ ဆုတ်ခွာလိုက်ရတဲ့အပေါ် သင်ခန်းစာတွေရပြီး လိုအပ်တဲ့ပြင်ဆင်မှုနဲ့ အားသာချက်၊အားနည်းချက်တွေ ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။

“သင်ခန်းစာကတော့ အများကြီးရပါတယ်။အများကြီးဆိုတဲ့ တိုက်ပွဲနဲ့ တချို့ဟာတွေက အားလုံးလည်း သူ့ထင်မြင်ယူဆချက်နဲ့ ရေးနေတာမျိုးတွေ ရှိတယ်။ တချို့ကလည်း စာတွေ ပေးပို့ပြီးတော့မှ ရေးသားတာ မျိုးတွေရှိပါတယ်။ကျွန်မတို့ ဘက်ကလည်း သင်ခန်းစာတွေကတော့ ရယူပြီးတော့မှ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လိုအပ်တဲ့ အားသာချက် အားနည်းချက် တွေကို ပြန်လည်သုံးသပ်ပြီးတော့မှ ဆောင်ရွက်သွားဖို့ရှိပါတယ်”လို့ လွေးယေဦးက ပြောပါတယ်။

ကျောက်မဲနဲ့ နောင်ချိုမြို့ကို ဟန်ပြထိန်းချုပ်ပြီး ဟန်ပြစစ်တိုက်နေတာ မဟုတ်ဘူးလို့လည်း TNLAက ပြောပါတယ်။ အကောင်းဆုံးခုခံကာကွယ်တိုက်ခိုက်ခဲ့တယ်လို့လည်းဆိုပါတယ်။ လက်တလောမှာ ကျောက်မဲနဲ့ နောင်ချိုကို ယာယီဆုတ်ပေးလိုက်ရသာဖြစ်တယ်လို့လည်း TNLAက ပြောပါတယ်။

ဒါအပြင် TNLA အ​နေနဲ့ စစ်ကောင်စီနဲ့ နိုင်ငံရေးသဘောတူညီမှုလည်း ရှိမထားဘူးလို့ ဆိုပါတယ်။

“စစ်ရေးမှာတော့ အလှည့်အပြောင်းတွေတော့ရှိတယ်ပေါ့လေ။ကိုယ်အရေးသာတဲ့ အချိန် ရှိသလို ကိုယ်အရေးနိမ့်တာလည်း ရှိပါတယ်။ ပြင်ဆင်မှုအားကောင်းတဲ့သူကတော့ စစ်ရေးမှာ အနိုင်ရမှာဖြစ်ပါတယ်။ ဆိုတော့ ကျွန်မတို့ဘက်ကလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လိုအပ်တဲ့ အားသာချက် အားနည်းချက်တွေ သင်ခန်းစာရယူပြီးတော့မှ ပြန်လည်ပြင်ဆင်ပြီးတော့မှ နောက်တစ်ခါဆိုတာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ လောလောဆယ်ကတော့ ဘာမှ ရေရာသေချာ တာတော့ ပြောနိုင်ခြင်းတော့ မရှိသေးပါဘူး”လို့ လွေးယေဦးက ပြောပါတယ်။

ဒါ့အပြင် ရှမ်းမြောက်က လက်နက်ကိုင်တပ်ဖွဲ့တွေအပြင် တော်လှန်ရေးတပ်တွေအားလုံးကိုလည်း စစ်ကောင်စီတပ်ကို အတူပူးတွဲတိုက်ဖို့ ဖိတ်ခေါ်တယ်လို့ TNLAက ပြောပါတယ်။

“အားလုံးပူးပေါင်းဖို့အမြဲဆန္ဒရှိပါတယ်။လောလောဆယ်ကတော့ ပူးပေါင်းလာတာမျိုးတွေရှိသလို မပူးပေါင်းပဲ ကျန်ရှိနေသေးတာလည်းရှိပါတယ်။ အတတ်နိုင်ဆုံးကတော့ ကျွန်မတို့ဘက်ကတော့တံခါးဖွင့်ထားပြီးတော့မှပူးပေါင်းဆောင်ရွက်ဖို့ အမြဲရှိပါတယ်”လို့ လွေးယေဦးက ပြောပါတယ်။

လက်တလောမှာ အင်အားမမျှတတာရယ် လက်နက်ခဲယမ်းနဲ့ လူအင်အား မမျှတတာကြောင့် ဆက်လက်ခုခံဖို့ ခက်ခဲနေတာကြောင့် ခေတ္တဆုတ်ပေးလိုက်ရတာလို့လည်း ပြောပါတယ်။

“လောလောဆယ်ကတော့ကျွန်မတို့နဲ့ထပ်တူ ပါဝင်ပြီးတော့ ယုံကြည်စွာ ပါဝင်အားပေးတဲ့လူတွေကိုလည်း ကျွန်မတို့ဘက်က အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်။ ကျွန်မတို့ဘက်က လူထုနဲ့အတူပဲ ကျွန်မတို့ ရပ်တည်နေတာမျိုးတွေရှိပါတယ်။ တကယ်လို့ လောလောဆယ်မှာ မြင်တွေ့နေရတဲ့ အပိုင်းဆိုရင် ကျွန်မတို့ဘက်က ပြန်လည်စစ်ဆေးပြီးတော့မှ ပြန်လည် အားသာအောင်လုပ်မယ်ဆိုရင်တော့ အလှည့်အပြောင်းတွေရှိလာနိုင်ပါတယ်”လို့ လွေးယေဦးက ပြောပါတယ်။

ဒါ့အပြင် တအာင်းဒေသနဲ့ တနိုင်ငံလုံးက ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲနေတာကို အထူးသတိရှိပြီး စစ်ရေးသတိ၊စစ်ရေးအသိတွေ လမ်းညွှန်မှုတွေ လိုက်ကြဖို့လည်း တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။