အောက်တိုဘာ-၃၊၂၀၂၅။သတိုး/People’s Spring
စစ်ကောင်စီလုံခြုံရေး တင်းကြပ်ထားတဲ့မန္တလေးမြို့လယ်တနေရာမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်းက အသိပေးထားပါတယ်။
“ပျူလက်ပါးစေတွေ သောင်းကျန်းတာ၊ စစ်မှုထမ်းခေါင်းစဉ်နဲ့ အတင်းအဓမ္မ ဖမ်းဆီးငွေညှစ်တာတွေကို ဆက်တိုက်ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ မန္တလေးပြည်သူများရဲ့ ရင်ထဲမှာ ဖက်ဆစ် စစ်တပ်နဲ့ အာဏာသိမ်း စစ်အုပ်စုအပေါ် နာကျည်းချက်တွေက ရင်နဲ့အပြည့်ပါ။ ဒါ့အပြင် အခု စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ (တနည်း) လုပ်ပွဲကိုလည်း ခါးသီးစွာ ဆန့်ကျင်ကြ၊ ရွံမုန်းကြပါတယ်။” လို့ သပိတ်လှုပ်ရှားမှု ဓာတ်ပုံတွေနဲ့အတူ ရေးသားထားပါတယ်။
“ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးပဲသပိတ်မှောက်” “အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးပါနဲ့” စတဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးစာသားတွေရေးသားထားတဲ့ စာရွက်တွေကို မန္တလေးမြို့လယ်တနေရာမှာ သပိတ်ရဲဘော်တွေက ကြဲချခဲ့တာပါ။

Public Service Announcement
ဒီတော်လှန်ရေးမှာ ပြည်သူကအဓိကဖြစ်တာကြောင့် ပြည်သူတွေ အနေနဲ့ ငုံ့မခံပဲ ရရာနည်းလမ်းနဲ့ တုန့်ပြန်ကြဖို့လိုတယ်လို့ ဒေါက်တာတေဇာစန်းက တိုက်တွန်းထားပါတယ်။





















































