Connect with us

Hi, what are you looking for?

သတင်း

စစ်တောင်းမြစ်အနောက်ဘက်ခြမ်းတိုက်ပွဲ စစ်ကောင်စီ တပ်ရင်းမှူးတစ်ဦး သေဆုံး

ပဲခူးတိုင်း၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းတိုက်ပွဲမှာ ​ခမရ ၂၀ တပ်ရင်းမှူးမျိုးသန့်စင် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ္စည်းတချို့ကို တွေ့ရစဥ်

အောက်တိုဘာ-၃၊ ၂၀၂၅။ ဇော်ဝင်း/People’s Spring

ပဲခူးတိုင်း၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းတိုက်ပွဲမှာ ​ခမရ ၂၀ တပ်ရင်းမှူးမျိုးသန့်စင် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်တက္ကသိုလ်အပတ်စဥ်-၄၆ဆင်း ဒုတိယဗိုလ်မှူးကြီး မျိုးသန့်စင်ဟာ ဖြူးမြို့နယ်ကနေ ညောင်လေးပင်အခြေစိုက် ခမရ ၂၀ ကို ပြောင်းရွှေ့လာတာ တစ်လပင် မပြည့်သေးဘူးလို့ ဆိုပါတယ်။

“၂၈ ရက်နေ့တိုက်ပွဲမှာ သေတာ။အခုထိလည်း တိုက်ပွဲတွေ ဖြစ်နေသေးတယ်။ဖြစ်စဥ်နေရာကိုတော့ အသေးစိတ်မပြောလိုသေးဘူး”လို့ ညောင်လေးပင်အခြေစိုက်စစ်ရေးသတင်ရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ညောင်လေးပင် မြို့နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ရေးသတင်းအချို့ကို ထုတ်ပြန်မရသေးဘူးလို့လည်း ဒေသခံတပ်ရင်းတစ်ခုရဲ့ တာဝန်ရှိသူက အသိပေးပါတယ်။

“ဒဏ်ရာပြင်းတဲ့ ရဲဘော်နှစ်ဦး။အသေးစားထိတာတွေလည်းရှိတယ်။အသေအပျောက်တော့မရှိဘူး”လို့ သူက ပြောပါတယ်။

အထိနာနေတဲ့စစ်​ကောင်စီက Y 12 ၊ဂျက်ဖိုက်တာ အစရှိတဲ့လေယာဥ်တွေနဲ့ ဗုံး ကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ညောင်လေးပင်မှာ ခမရ (၂၀)၊ ခမရ(၅၈၄)နဲ့ ခလရ(၅၁)တပ်ရင်းတွေက ပြည်သူတွေကို အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်လို့ အခုနှစ် ဧပြီလ က ဖမ်းဆီးခံပျူခေါင်းဆောင်း လှိုင်မင်းက ထွက်ဆိုထားပါတယ်။

၂၀၂၃ ကနေ ၂၀၂၅ ဖေဖော်ဝါရီလပိုင်းအထိ ညောင်လေးပင်မြို့နယ်ထဲ ခမရ (၃၄၉)၊ခလရ (၃၅၀)၊ခလရ(၄၄၀)နှင့် ခမရ(၈)တပ်ရင်းတွေလည်း ဒေသခံတွေကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ