Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းပေါ်မှာတံတားကျိုးလို့ လမ်းတွေပြန်ပိတ်

မန္တလေးတိုင်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းပေါ်မှာရေကြီးပြီးတံတားကျိုးလို့လမ်းတွေပြန်ပိတ်သွားကြောင်းဒေသခံတွေကပြောပါတယ်။

မိတ္ထီလာ-ကျောက်ပန်းတောင်လမ်းပိုင်းက တံတားကျိုးကျသွားစဥ် ဓာတ်ပုံ-Moe The Aung

စက်တင်ဘာ-၃၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းပေါ်မှာရေကြီးပြီးတံတားကျိုးလို့လမ်းတွေပြန်ပိတ်သွားကြောင်းဒေသခံတွေကပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်က မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ မိုးများပြီး ကြက်မောက်တောင်ဆည်ရေလျှံလာလို့ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းက မိုင်တိုင်အမှတ် (၅၁/၄-၇)၊ ကိုင်းကျေးရွာအနီးမှာ ရေကျော်ခဲ့ပြီး ယာဥ်တွေဖြတ်သန်းလို့ မရခဲ့ပါဘူး။

မိတ္ထီလာ-ကျောက်ပန်းတောင်လမ်းပိုင်းက တံတားကျိုးကျသွားစဥ် ဓာတ်ပုံ-Moe The Aung

အောက်တိုဘာ ၁ ရက်နေ့မှာ ရေကျသွားလို့ ကားတွေပြန်သွားလို့ရခဲ့ပေမဲ့ ဒီနေ့ အောက်တိုဘာ ၃ ရက် မနက် ၁၀ နာရီ ၄၅ မိနစ် ဝန်းကျင်မှာတော့ ရေကျော်ခဲ့တဲ့ ကိုင်းရွာနဲ့ စည်ပင်သာရွာကြားက တံတား ကျိုးသွားတာကြောင့် လမ်းတွေပြန်ပိတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကြက်မောက်တောင်ကိုင်း တံတားကျိုးတာ။ ဘေလီတံတားထိုးဖို့ ပြင်ဆင်နေတယ်ကြားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းဟာ မြင်းခြံ၊ပုဂံညောင်ဦးဒေသကခရီးသွားပြည်သူတွေပါ အားထားနေရတဲ့ လမ်းပိုင်းတခုဖြစ်​ပြီး မကြာခင် သီတင်းကျွတ်ပိတ်ရက် ပုဂံညောင်ဦးဘက်ခရီးထွက်သူတွေ လာဖို့အခက်အခဲတွေ့နိုင်ကြောင်း ဒေသခံများကပြောပါတယ်။

စက်တင်ဘာ၂၈ ရက်နေ့မနက်ပိုင်းကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မယ်ဇလီပင်ကျေးရွာမှာ ယင်းချောင်းရေလျှံပြီး အိမ်နှစ်လုံး ရေထဲမျောပါကာ မိသားစုဝင် ၇ ဦးသေဆုံးခဲ့ပါတယ်။

ယခုရက်ပိုင်းအတွင်း မြန်မာပြည်အထက်ပိုင်းမှာ မိုးကြီးနေလို့မကွေးတိုင်း၊ရေနံချောင်း၊နတ်မောက်၊ ရှမ်းပြည်နယ်၊ တာချီလိတ်၊ လင်းခေး၊မောက်မယ်၊ စတဲ့ဒေသတွေက အိမ်ခြေထောင်ချီ ရေဘေးသင့်နေပါတယ်။

ဆက်စပ်သတင်းများ