Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်တိုက်ပွဲ တော်လှန်ရေးတပ်တွေ လက်နက်ခဲယမ်းအချို့ သိမ်းရ

စစ်ကိုင်းတိုင်း၊ ရွှေဘို​မြို့နယ်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ထံကနေ လက်နက်နဲ့ခဲယမ်းအချို့ တော်လှန်ရေးတပ်တွေက ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

စစ်တပ်ထံမှသိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ-Moe Myint Zaw

▪️စစ်ကောင်စီတပ်ပစ်ခတ်လို့ ရွှေဘိုမြို့ပေါ်ဘုန်းကြီးကျောင်းက ကိုရင်လေးပါး ပျံလွန်တော်မူ

အောက်တိုဘာ-၄ ၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘို​မြို့နယ်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ထံကနေ လက်နက်နဲ့ခဲယမ်းအချို့ တော်လှန်ရေးတပ်တွေက ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

အောက်တိုဘာ ၂ရက်က ရွှေဘိုမြို့နယ်တောင် ဘက်ခြမ်းတိုက်ပွဲအတွင်းမှာ၆၀ မမ တစ်လက်၊ ဗုံးသီး တစ်လုံး နဲ့ RPGတလုံးကို တော်လှန်ရေးတပ်တွေက ရရှိခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ရွှေဘိုရင်း(၄)ကရတာလို့ သိရတယ်။ကျန်တဲ့ရင်း တွေလည်း ရတာ ရှိ၊မရှိတော့ အတည်ပြုနေတုန်းပဲ”လို့ ရွှေဘိုမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာ ၂ ရက်က ရွှေဘိုမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာ ကွယ်ရေးအဖွဲ့တွေ တဂဏန်းကျေးရွာမှာ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက အသိပေးထားပါတယ်။

“သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေ ထုတ်ပြန်ပါလိမ့်မယ်”လို့ ရွှေဘိုမြို့နယ်အခြေစိုက်ကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။

တဂဏန်းကျေးရွာက ရွှေဘို-မန္တလေးလမ်းပိုင်းဘေးမှာရရှိတာဖြစ်ပြီး တိုက်ပွဲကြောင့် လမ်းပိုင်းကို ခေတ္တပိတ်ထားလိုက်ရတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲဖြစ်ချိန် ရွှေဘိုကညနနဲ့ ထောက်ပို့တပ်(၂) ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးတလုံးဟာရွှေဘိုမြို့ပေါ်က အောင်

မြေချမ်းမြေ့ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပြီး (၁၃)နှစ်နဲ့ (၁၄)နှစ်အရွယ် ရှင်သာမဏေ လေးပါး ပျံလွန်တော်မူခဲ့ရတယ်လို့ ဆိုပါတယ်။

ပျံလွန်တော်မူခဲ့တဲ့ ရှင်သာမဏေတွေဟာ ရှင်ဝိမလ၊ ရှင်ဉာဏိက၊ ရှင်ဥတ္တမနဲ့ အခြားတပါးတို့ဖြစ်ပါတယ်။လက်နက်ကြီး သုံးချက် ပစ်ခတ်ခဲ့တာဖြစ်ပြီး တလုံးကတော့ ထူထောင်ရေးရပ်ကွက်၊ ရွှေဘုံသာဘုရားအနီး ကျကာ မပေါက်ကွဲခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ဗျူဟာလမ်းတွေနဲ့ အဓိကလမ်းပိုင်းတွေကို စိုးမိုးဖို့ စစ်ကောင်စီတပ်ကကြိုးစားနေပြီး သြဂုတ်လကကန့်ဘလူမြို့နယ်က ​ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို ပြန်ထိန်းချုပ်ခဲ့ပါတယ်။

ဒါ့အပြင် ခင်ဦးမြို့နယ်က လမ်းပိုင်းကိုပါ ဆက် လက်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးခဲ့ပေမယ့် တော်လှမ်ရေးအင်အားစုတွေကစစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကလည်း ခင်ဦး-ရွှေဘိုလမ်းပိုင်းတိုက်ပွဲမှာဒုဗိုလ်မှူးကြီးအဆင့်တွေအပါအဝင် စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့ပြီး လက်နက်တွေနဲ့ စစ်သုံ့ပန်းအချို့ပါ သိမ်းဆည်းရရှိခဲ့လို့ သက်ဆိုင်ရာတပ်ရင်းတွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ