Connect with us

Hi, what are you looking for?

သတင်း

မြေအောက်ဆေးရုံ ၁၀ရုံအပါအဝင် လုံခြုံတဲ့ဆေးရုံဆေးခန်းတွေ တည်ဆောက်နေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးပြော

အာဏာသိမ်းစစ်ကောင်စီတပ်က ဆေးရုံဆေးခန်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေလို့ မြေအောက်ဆေးရုံအပါအဝင် လုံခြုံစိတ်ချရတဲ့ ဆေးရုံဆေးခန်းတွေ တည်ဆောက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားပါတယ်။

စစ်တပ်က ရှမ်းပြည်နယ်​ကျောက်မဲမြို့ နဲ့ ဖယ်ခုံမြို့က ​ဆေးရုံ​တွေကို ၂၀၂၅ ခုနှစ်မှာဗုံးကြဲခဲ့စဥ်။ဓါတ်ပုံ- TNLA ၊ CJ

အောက်တိုဘာ-၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်က ဆေးရုံဆေးခန်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေလို့ မြေအောက်ဆေးရုံအပါအဝင် လုံခြုံစိတ်ချရတဲ့ ဆေးရုံဆေးခန်းတွေ တည်ဆောက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားပါတယ်။

NUG သတင်းပြန်ကြားရေးဌာန PVTVနဲ့ မေးမြန်းမှုမှာ ဝန်ကြီးက တော်လှန်ရေး ရဲဘော်တွေ အပါအဝင် ပြည်သူတွေလုံခြုံစိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေး ဆောင်ရွက်နေတဲ့ အခြေအနေကို အခုလို ပြောပြခဲ့တာပါ။

တော်လှန်ရေးရဲဘော်တွေကို အများပြည်သူနဲ့ရောပြီးကုသချိန်မှာ လုံခြုံရေးကို အထူးဂရုစိုက်ရကြောင်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကလည်း ဆေးရုံဆေးခန်းနဲ့ ကျန်းမာရေးစောင့်ရှောက်တဲ့သူတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေချိန်မှာ အထူး ဂရုစိုက်ပြီး ပြုစု ကုသ စောင့်ရှောက်မှုတွေ ပေးနေရ ကြောင်း ရှင်းပြပါတယ်။

“မြေအောက်ဆေးရုံ အခုအချိန်မှာ ၁၀ရုံတည်ဆောက်နေတာဟာ ရည်ရွယ်ချက်ဟာ ဒီ တော်လှန်ရေးထဲမှာရှိနေတဲ့ ရဲဘော်များအတွက် ဦးစားပေး ရည်ရွယ်ချက်နဲ့ တည်ဆောက်နေတာဖြစ်ပါတယ်”လို့ ဝန်ကြီးက ပြောပါတယ်။

ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကိုလည်း ပေးဖို့အတွက်ဖြစ်သလို ရဲဘော်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ မြေအောက်ဆေးရုံတွေ လုံခြုံစိတ်ချရတဲ့ ဆေးရုံဆေးခန်းတွေ တည်ဆောက်နေတာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနနဲ့ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပြပါတယ်။

တော်လှန်ရေးမှာ ကျန်းမာရေးစောင့်ရှောက်မှု မှာ ဦးစားပေး နံပါတ်တစ်ဖြစ်တဲ့ တော်လှန်ရေးထဲမှာရှိတဲ့ ရဲဘော်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဟာ ကျန်းမာရေးဝန်ကြီးဌာန ရော ကာကွယ်ရေးဝန်ကြီးဌာန မှာရှိနေတဲ့ ဆေးတပ်ဖွဲ့တွေရောရဲ့ ဦးစားပေး အစီအစဉ် ဖြစ်တယ်လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနမှာ အင်အား ၅၀၀၀ ကျော်ရှိတဲ့ CDM တွေနဲ့ ဖွဲ့စည်းထားသလို MOD ကာကွယ်ရေးဝန်ကြီးဌာန ဆေးအဖွဲ့မှာလည်းအင်အား ၁၀၀၀ နီးပါးရှိတဲ့ ဆေးအဖွဲ့များဖွဲ့စည်းပြီးကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်း အသိပေးပါတယ်။

ဒေသအလိုက် ကျန်းမာရေးစောင့်ရှောက်နိုင်တဲ့ ဆေးရုံဆေးခန်းတွေ ရှေ့တန်းဆေးရုံဆေးခန်းတွေ၊ တပ်စိပ်လိုက်၊ တပ်ရင်းအလိုက် ဆေးအဖွဲ့ဖွဲ့ထားပြီး ကျန်းမာရေးဝန်ကြီးဌာန ရှိ ဆေးရုံတွေမှာ ရဲဘော်များအတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ