အောက်တိုဘာ-၄၊ ၂၀၂၅။ People’s Spring
တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ နေ့လည်မှာလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ သီပေါကို စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲခဲ့ပြီးနောက် နေ့လည် ၁၂နာရီခွဲလောက်မှာ နမ့်ဆန်ကို တိုက်လေယာဉ်နဲ့ ထပ်မံ တိုက်ခိုက်ခဲ့တာပါ။
နမ့်ဆန်မြို့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းထုတ်ပြန်မယ်လို့ အသိပေးထားပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ် ဒီကနေ့မနက် လေကြောင်း တိုက်ခိုက်ခဲ့တဲ့ သီပေါမြိုနယ် မန်ဟဲကျေးရွာမှာတော့ စစ်ကောင်စီရဲ့ ရဲစခန်းဟောင်းအတွင်းကို ဗုံး ၂လုံး ကြဲချခဲ့တာလို့ TNLAက ထုတ်ပြန်ပါတယ်။ လူထိခိုက်သေဆုံး ရှိမရှိ အခြေအနေကိုတော့ ဖော်ပြမထားပါဘူး။
အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၂ရက်က သီပေါ စံဖိတ်ရွာက ကုမုဒြာဟိုတယ်ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နမ္မတူမြိုတွင်းကို ဗုံးကြဲခဲ့လို့ ပြည်သူလူထု(၃)ဦးသေဆုံးပြီး (၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲတွေ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်းလည်း TNLAက ထုတ်ပြန်ပါတယ်။


















































