Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင် တည်းခိုတဲ့ လပခကို ပူးပေါင်းအဖွဲ့တွေ ‌ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်

မန္တလေးတက္ကသိုလ် နှစ်တစ်ရာပြည့်ပွဲကို တက်ရောက်ဖို့လာတဲ့ စစ်ခေါင်းဆောင် ခေတ္တတည်းခိုတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) အတွင်းကို ၁၀၇မမ ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မန္တလေး လပခကို ရှော့တိုက်ဒုန်းပစ်ခတ်နေစဉ်နဲ့ မန္တလေးတက္ကသိုလ်ရာပြည့်အခမ်းအနားကို စစ်ခေါင်းဆောင်တက်ရောက်နေစဉ်

အောက်တိုဘာ-၄၊၂၀၂၅။ သတိုး၊ ရှိန်း/People’s Spring

မန္တလေးတက္ကသိုလ် နှစ်တစ်ရာပြည့်ပွဲကို တက်ရောက်ဖို့လာတဲ့ စစ်ခေါင်းဆောင် ခေတ္တတည်းခိုတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) အတွင်းကို ၁၀၇မမ ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မန္တလေး လပခကို ရှော့တိုက်ဒုန်းပစ်ခတ်နေစဉ်နဲ့ မန္တလေးတက္ကသိုလ်ရာပြည့်အခမ်းအနားကို စစ်ခေါင်းဆောင်တက်ရောက်နေစဉ်

“ညက သိသိချင်း ထစီစဉ်ရတာ။ အလုံးရေ နည်းသွားတယ်။ အချိန်မရလိုက်လို့။ လပခဝန်းထဲကို နှစ်လုံးစလုံးကျတယ်လို့သိရ” လို့ ပြောပါတယ်။

မန္တလေးတက္ကသိုလ်ရာပြည့်ပွဲ အခမ်းအနားကို စစ်ခေါင်းဆောင်တက်ရောက်မှာမို့ အရင်နေ့တွေကတည်းက မန္တလေးမြို့ ၇၃လမ်း ကျုံးတောင်ဘက်တလျှောက်ကို လုံခြုံရေးတွေတင်းကြပ်ချထားတာလို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ မနက်၆နာရီ ၁၅မိနစ်မှာပဲ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နန်းတွင်းထဲကို ရှော့တိုက်ဒုံး၂လုံး ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“ရှော့တိုက်ဒုံးကျတာဟုတ်တယ်။…အထိခိုက်မရှိပါဘူး”လို့ စစ်တပ်သတင်းအရင်းမြစ်တစ်ဦး က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြောပါတယ်။

နန်းတွင်းထဲကို ရှော့တိုက်ဒုံး၂လုံးကျခဲ့တာကို တခြားသတင်းအရင်းမြစ်တွေကလည်း အတည်ပြုခဲ့ပြီး အထိအခိုက်ကိုတော့ မသိရသေးပါဘူး။

စစ်ခေါင်းဆောင်က မနေ့ညပိုင်းက ပြင်ဦးလွင်မြို့မှာ နေခဲ့တာဖြစ်ပြီး ဒီနေ့ မနက်ပိုင်းမှာ ယာဉ်တန်းနဲ့ မန္တလေးမြို့ကို ဝင်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရှော့တိုက်ဒုံးအပစ်ခံရလို့ မြို့တွင်းလုံခြုံရေးလည်း ထပ်တိုးထားပြီး မန္တလေးမြို့ပေါ်မှာလုပ်မယ့် ပွဲတချို့လည်း နောက်ဆုတ် ပေးထားရတယ်လို့ သိရပါတယ်။

ဒီနေ့ မနက် ၆ နာရီကျော်မှာ Brave Warriors for Myanmar(BWM)အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ No More Dictatorship(NMD-PDF)၊ People Servant Force( P.S.F )နဲ့ ရတနာပုံတပ်ဦးအဖွဲ့တို့က လပခထဲကို ၁၀၇ မမရှော့တိုက်ဒုန်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မန္တလေးတက္ကသိုလ်နှစ်တစ်ရာပြည့်ပွဲတက်ရောက်ဖို့ အောက်တိုဘာ ၃ ရက်ညက ပြင်ဦးလွင်ကနေ မန္တလေးကို လာရောက်ခဲ့ကာ လပခမှာ ခေတ္တတည်းခိုခဲ့တာလို့ BWM က ထုတ်ပြန်ထားပါတယ်။

“မအလတော့ အတော်ကြောက်သွားမယ်။ အချိန်မီခြိမ်းခြောက်နိုင်လို့ အောင်မြင်တဲ့ မစ်ရှင်လို့ပြောနိုင်ပါတယ်”လို့ BWM တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်မှု လုပ်ဆောင်ပြီးချိန်မှာ M35 တွေ၊ Y12 တွေနဲ့ ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး ပစ်ခတ်တာတော့ မရှိဘူးလို့ ဆိုပါတယ်။

ဒီမစ်ရှင်က BWM ရဲ့ ၄၆ ကြိမ်မြောက်စစ်ဆင်ရေး ဖြစ်ပြီး ပါဝင်ကူညီပေးတဲ့ နယ်မြေခံအဖွဲ့တွေကြောင့် အောင်မြင်ခဲ့တာဖြစ်လို့ အထူးကျေးဇူးတင်တယ်လို့ BWM ကထုတ်ပြန်ထားပါတယ်။

မန္တလေး တက္ကသိုလ်ရာပြည့်ပွဲကိုဆိုရင် နေရာအတိအကျသိရတာ‌ကြောင့် ပိုပြီးလွယ်လွယ်ကူကူ တိုက်ခိုက်နိုင်ပေမယ့် စစ်ခေါင်းဆောင်ကပြည်သူတွေကို ဒိုင်းကာအနေနဲ့ ပြုလုပ်ထားတာကြောင့် မတိုက်ခိုက်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုတွေက လပခထဲကို ရောက်ရှိခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်တယ်လို့ BWM တာဝန်ရှိသူကပြောပါတယ်။

ဆက်စပ်သတင်းများ