အောက်တိုဘာ-၄၊ ၂၀၂၅။ထားမြတ်/People’s Spring
တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချပ်ထားတဲ့ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာကိုစစ်ကောင်စီတပ်ကဒီကနေ့ အောက်တိုဘာ ၄ရက်နေ့လည်ပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးနှစ် ဦးသေဆုံးပြီး ကလေး ခြောက် ဦးအပါအဝင်ကိုး ဦးထိမှန်ဒဏ်ရာရခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာTNLAသိမ်းပိုက်ထားတဲ့မြို့ရွာတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး ဒီကနေ့မှာ ဇယ်တုန်ဟုန်းရွာကို ဗုံးကြဲခဲ့လို့ အသက် ၁၀နှစ်နဲ့ ၁၃နှစ်အရွယ်ကလေးငယ်နှစ်ဦး သေဆုံးကာ ကလေးငယ်တွေနဲ့ ပြည်သူတွေ ဒဏ်ရာရခဲ့တာပါ။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်၁၆ လုံးပျက်စီးခဲ့တယ်လို့လည်း အသိပေးပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ မြို့တွေ ၊ ရခိုင်၊ ကချင် အပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုလေကြောင်း၊ ဒရုန်း၊လက်နက် ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေတာပါ။
စက်တင်ဘာလလယ်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင်ရွာက ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့လို့ ကျောင်းသားကျောင်းသူ ၂၀ ဦးသေဆုံးကာ ၂၀ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့စျေးကိုလည်း စက်တင်ဘာ လကုန်ပိုင်းက ဗုံးကြဲခဲ့လို့ မူကြိုကလေးငယ်တွေအပါအဝင် ပြည်သူ ၁၁ဦး သေဆုံးကာ ခြောက် ဦး ဒဏ်ရာရခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကလေးငယ်တွေပါမချန် ပြည်သူလူထုတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ စစ်ကောင်စီကဆက်တိုက်ကျူးလွန်နေတာဖြစ်ပြီး စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ အစုလိုက် အပြုံလိုက်သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ကျူးလွန်နေလို့ စစ်ရေးသတိရှိဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာတွေလိုက်နာဖို့ TNLAက နှိုးဆော်ထားပါတယ်။
















































