Connect with us

Hi, what are you looking for?

သတင်း

ရေဖြူနယ်မှာ စစ်တပ်က ရွာကို မီးရှို့ရာ ကြံ့ဖွံ့အမတ်လောင်းရဲ့နေအိမ်ပါ မီးထဲပါ

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ဧကနိရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ကရွာကိုမီးရှို့ဖျက်ဆီးခဲ့ရာ ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး)ပါတီရဲ့ အရင်အမတ်လောင်းရဲ့နေအိမ်ပါ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

ကြံ့ဖွံ့ပါတီ ၂၀၂၀ အမတ်လောင်းရဲ့နေအိမ် မီးရှို့မခံရမီနဲ့ မီးရှို့ခံရအပြီးတွေ့ရစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၄၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ဧကနိရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ကရွာကိုမီးရှို့ဖျက်ဆီးခဲ့ရာ ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး)ပါတီရဲ့ အရင်အမတ်လောင်းရဲ့နေအိမ်ပါ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

စစ်တပ် အင်အား ၁၀၀ ဝန်းကျင်ဟာ ဧကနိရွာဘက်ကို စက်တင်ဘာ ၂၈ ရက်က စတင် စစ် ကြောင်းထိုးလာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စက်တင်ဘာ ၃၀ နဲ့ အောက်တိုဘာ ၁ ရက်တို့မှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာသွားတယ်လို့ သိရပါတယ်။

“ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က သေဆုံးများတော့ ဧကနိရွာကို မီးရှို့ထားခဲ့တယ်ဗျ။ အဲဒီမှာကြံ့ဖွတ်အမတ်လောင်းအိမ်နဲ့ ကြံ့ဖွတ်ပါတီ၀င်အိမ်တွေဖြစ်နေတယ်” လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဧကနိရွာကို စစ်တပ်က မီးရှို့ရာမှာ နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားပြီး ပျက်စီးနေအိမ်တွေထဲမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရေဖြူမဲဆန္ဒနယ် အမှတ်(၁)ကနေ ကြံ့ဖွံ့ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ဦးနိုင်ဦးရဲ့နေအိမ် ပါနေသလို အခြားကြံ့ခိုင်ရေးပါတီဝင်တွေရဲ့နေအိမ်တွေလည်းပါသွားတယ်လို့ အဲဒီရင်းမြစ်က ဆက်ပြောပါတယ်။

ဧကနိရွာကို မီးရှို့ဖျက်ဆီးပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်မှ အင်အားတချို့ဟာ ရေဖြူနယ် ခလရ-၄၀၆ နဲ့ ခလရ-၄၀၇ထဲကို ပြန်ဆုတ်သွားတာရှိသလို အင်အားတချို့ကတော့ တပ်ဖျောက်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက စုံစမ်းသိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၀ ဦးဝန်းကျင်ထိခိုက်သေဆုံးနိုင်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော်တစ်ဦးကျဆုံးတယ်လို့ သိရပေမယ့် အခြေအနေအပြည့်အစုံကို လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ