Connect with us

Hi, what are you looking for?

သတင်း

မြေအောက်ဥမင်လိုဏ်ခေါင်းတူးပြီး ရွှေ​တွေခိုးသွားသူကို ဝရဲတပ်ဖွဲ့ဖမ်းဆီး

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နမ့်တစ်မြို့မှာ ရွှေဆိုင်ရှိရာကို မြေအောက်ဥမင်လိုဏ်ခေါင်းဖောက်ပြီး ရွှေတွေခိုးယူသွားတဲ့ အမျိုးသားတစ်ဦးကို ဝရဲတပ်ဖွဲ့က ဖမ်းမိထားတယ်လို့ UWSAဆီကနေ သိရပါတယ်။

​​ရွှေခိုးသူဟုဆိုသူကို ​ရွှေထည်မျိုးစုံ ၊​ငွေများနဲ့အတူ​တွေ့ရစဥ်။ဓါတ်ပုံ-ဦးညီရမ်း​ဖေစ်ဘွခ်

အောက်တိုဘာ-၄၊၂၀၂၅။လူအေး/People’s Spring

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နမ့်တစ်မြို့မှာ ရွှေဆိုင်ရှိရာကို မြေအောက်ဥမင်လိုဏ်ခေါင်းဖောက်ပြီး ရွှေတွေခိုးယူသွားတဲ့ အမျိုးသားတစ်ဦးကို ဝရဲတပ်ဖွဲ့က ဖမ်းမိထားတယ်လို့ UWSAဆီကနေ သိရပါတယ်။

“ ဝ” ပြည်နယ် ဟိုပန်ခရိုင် နမ့်တစ်မြို့က ရွှေဆိုင်တစ်ဆိုင်ကိုစက်တင်ဘာလ ၂၈ရက်နေ့ နံနက်အစောပိုင်းဖောက်ထွင်းခိုးယူခံခဲ့ရတာပါ။ ခိုးယူသူဟာရွှေဆိုင်ကို ရေမြောင်းဖောက်၊ ဥမင်လိုဏ်

ခေါင်းတူးပြီးဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့တာလို့ ‘ဝ’ပြည်နယ်တရားစီရင်ရေးကော်မတီ ရဲဌာနရုံးကို ကိုးကားပြီး “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) လားရှိုးမြို့အခြေစိုက် ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက လူမှုကွန်ရက်မှာ အောက်တိုဘာလ၄ရက်နေ့မှာရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခုတူးပြီးရွှေခိုးမှုတစ်ခုကို “ ဝ” ပြည်နယ်တရားစီရင်ရေးလုပ်ငန်းကော်မတီရဲ့ ဟိုပန် တရားရေးကော်မတီရဲဌာနဟာအောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံကိုဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်ခိုးယူတဲ့ ရွှေလက်ဝတ်ရတနာများနဲ့ ရရှိငွေအားလုံး ပြန်လည်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ ၀ဒေသမှာက ပြည်မလိုမဟုတ်ဘူး။အမှုတွေ အကုန် မိတာများတယ်။ ပြစ်မှုကြီးတွေဆိုရင် သေဒဏ်ပေးတာ။ အခု ရွှေခိုးတဲ့အမှုကိုတော့ ဘယ်လိုအရေးယူမှန်းမသိဘူး” လို့ ဝဒေသမှာနေထိုင်သူတဦးကပြောပါတယ်။

ဖမ်းမိထားသူဟာကိုးကန့်တိုင်းရင်းသားတစ်ဦးဖြစ်တယ်လို့လည်း ဒေသခံတချို့ကပြောပါတယ်။သူက ဥမင်လိုဏ်ခေါင်းဘယ်လိုတူးပြီး ခိုးမှုကိုဘယ်လိုကျူးလွန်ခဲ့တယ်ဆိုတဲ့အသေးစိတ်ကိုတော့ ဦးညီရမ်းက အသိပေးထားခြင်းမရှိပါဘူး။ တချို့ကလည်း ကျူးလွန်သူရဲ့ ဇွဲနဘဲကြီးမှုကို ချီးကျူးနေကြပါတယ်။

” ဒီလောက်ဇွဲကြီးတဲ့လူကိုဝကစစ်သားလုပ်ခိုင်းရမှာ” လို့ လူမှုကွန်ရက်သုံးစွဲတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

ဆက်စပ်သတင်းများ