Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ် ဇီးကုန်းလေးရွာက စစ်တပ်ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဇီးကုန်းလေးကျေးရွာက စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်းတချို့ရရှိတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ရွှေဘိုပကဖက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ပကဖ၊ ရွှေဘိုမြို့နယ်၊ NUG

အောက်တိုဘာ-၅၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဇီးကုန်းလေးကျေးရွာက စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်းတချို့ရရှိတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီကနေ့(အောက်တိုဘာ ၅ ရက်)နံနက် ၁နာရီခွဲခန့်က ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့(PDO) ဦးဆောင်ပြီး တိုက်နယ်(၁)(၂)(၃)(၅)ပကဖ တိုက်ခိုက်ရေးအဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပျူစောထီးအားကောင်းရာ ဇီးကုန်းလေးကျေးရွာက ဘန်ကာကင်း တခုသိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကာကာဘိုင် နှစ်လက်၊ ကိုးလုံး တလက်အပြင် ကျည်ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်းမှာ မြိုက်ကျေးရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ကူပေးခဲ့ပြီး ဖြတ်တောက်ရေးရဲဘော်တွေက ၆၀မမ ဗုံးသီးတွေ ပစ်ကူပေးပြီး ပြန်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က နှစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရခဲ့ကာ ဘန်ကာထဲကနေ ထွက်ပြေးသွားနိုင်ခဲ့သူတွေရှိတယ်လို့ ဖော်ပြပါတယ်။ကာကွယ်ရေးဘက်က ရဲဘော် တဦး အသက်ပေးသွားခဲ့ရပါတယ်။

“ ရွှေဘိုမြို့အနောက်ခြမ်းမှာရှိတယ်။မြို့နဲ့သိပ်မဝေးဘူး။ပျူစောထီးအားကောင်းသလို စစ်တပ်က တပ်စွဲထားတာကြာပြီ” လို့ ဇီးကုန်းလေးရွာတိုက်ပွဲနဲ့ပတ်သက်ပြီး ရွှေဘိုဒေသခံတဦးက ပြောပါတယ်။

အောက်တိုဘာ ၂ ရက်ကလည်း ရွှေဘိုမြို့နယ်မှာ တပ်မ (၃၃)လက်အောက်ခံစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့လို့ ခုနစ်ဦးသေဆုံးပြီး လေးဦးဖမ်းဆီးရမိတာ ရှိပါတယ်။

တဂဏန်းကျေးရွာ တိုက်ပွဲမှာ ၆၀ မမ ကွန်မန်ဒိုပြောင်း တလက်၊ MA-3 သေနတ်တလက်၊ MA-1တလက် နဲ့ ကျည်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ