Connect with us

Hi, what are you looking for?

သတင်း

နမ္မတူနဲ့ သီပေါကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

သတင်းကျွတ်လပြည့်နေ့ မနက်အစောပိုင်းမှာစစ်ကောင်စီက သီပေါ နဲ့ နမ္မတူမြို့ကိုလေကြောင်းကနေဗုံးထပ်ကြဲသွားပါတယ်။

​အောက်တိုဘာ ၂ ရက်က နမ္မတူ မြို့ကိုစစ်တပ်ကိုဗုံးကြဲပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-TNLA

​အောက်တိုဘာ-၆၊၂၀၂၅။လူအေး/People’s Spring

သတင်းကျွတ်လပြည့်နေ့ မနက်အစောပိုင်းမှာစစ်ကောင်စီက သီပေါ နဲ့ နမ္မတူမြို့ကိုလေကြောင်းကနေဗုံးထပ်ကြဲသွားပါတယ်။

ယ​​​​နေ့မနက် ၇နာရီ ၃၈မိနစ်မှာမှာ နမ္မတူမြို့ကို ဗုံးကြဲပြီးသီပေါမြို့ကို ၇နာရီ ၄၄ မိနစ်မှာကြဲခြင်းဖြစ်ပါတယ်။ထိခိုက်ပျက်စီးမှုတွေအလွန်များပြာတယ်လို့ဒေသခံသတင်းသတင်းမြစ်တွေကပြောပါတယ်။

“ နှစ်မြီု့စလုံးကို ၆မိနစ်အတွင်းဆက်တိုက်ကြဲသွားတာ။ အခါကြီးရက်ကြီး ဘယ်လိုဖြတ်သန်းရမယ်မသိတော့ဘူး” လို့ နမ္မတူမြို့မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

နမ္မတူရော သီ ပေါရောကို မြို့ထဲကိုကြဲတာဖြစ်ပြီးနမ္မတူက ရပ်ကွက် ၆မှာ အထိအခိုက်တွေအရမ်းများထားတယ်မြို့ခံတစ်ဦးကပြောပါတယ်။

နမ္မတူမြို့ကို အောက်တိုဘာ၂ရက်နေ့ကပုံကြဲတာမှာ အရပ်သားသုံးဦးသေဆုံးခဲ့သလို သီပေါမြို့ကို အော်တိုဘာ၄ရက်နေ့ကဗုံးကြဲတာမှာလည်း ဘုန်းကြီးကျောင်းအဆောက်အအုံတွေအပျက်အစီး
များခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်း သီပေါနဲ့နမ္မတူမြို့ကို လေကြောင်းက ဗုံးကြဲသွားတဲ့ဖြစ်စဉ်ကို TNLA က သတင်းထုတ်ပြန်ထားပြီး ထိခိုက်မှုအခြေနေကိုဆက်လက်အသိပေးမယ်လို့ဆိုပါတယ်။ နမ္မတူမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်းကို SSPP ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ဟာဗုဒ္ဓဘာသာဝင်တွေ ဥပုဒ်သီလဆောက်တည်ကြတဲ့ သတင်းကျွတ်လပြည့်နေ့ဖြစ်ပြီး အခုလိုဗုံးကြဲတိုက်ခိုက်မှုအ​ပေါ် လူမှုကွန်ရက်သုံးစွဲသူတွေကအပြင်းအထန်​ဝေဖန်နေကြပါတယ်။

ဆက်စပ်သတင်းများ