Connect with us

Hi, what are you looking for?

သတင်း

လေးကေကော်မြို့သစ် ရဲ့ နေရာအချို့ကို စစ်ကောင်စီတပ်ထိန်းချုပ်

ကရင်ပြည်နယ် ၊မြဝတီမြို့နယ် တောင်ဘက်မှာရှိတဲ့ လေးကေကော်မြို့သစ်ရဲ့အစိတ်အပိုင်းအချို့ကို အောက်တိုဘာလ ၅ ​ရက်မှာ စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

လေးကေကော်ဆေးပေးခန်းကို သိမ်းပြီးနောက်တွေ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ ဓာတ်ပုံ - စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်

အောက်တိုဘာ – ၆ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊မြဝတီမြို့နယ် တောင်ဘက်မှာရှိတဲ့ လေးကေကော်မြို့သစ်ရဲ့အစိတ်အပိုင်းအချို့ကို အောက်တိုဘာလ ၅ ​ရက်မှာ စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

KNU တပ်မဟာ ၆ ထိန်းချုပ်ထားတဲ့ လေးကေကော်မြို့သစ်ကို စစ်အုပ်စုကစက်တင် ဘာလ ၂၁ ရက်မှစတင်ပြီးကရင့်နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ စစ်ကောင်စီတပ်က ဒရုန်း ၊ လက်နက်ကြီးပစ်ကူယူကာမြေပြင်စစ်ကြောင်း​တွေထိုးခဲ့တာပါ။

ကနဦး မြို့ကိုစိုးမိုးထားတဲ့ ရေကုန် ကုန်းကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက်အောက်တိုဘာလ ၅ ရက်မှာတော့ လေးကေကော်ဆေးခန်းနေရာ နဲ့အနီးတဝိုက်ကို စစ်ကောင်စီတပ်က ထပ်မံ ထိန်းချုပ်နိုင်သွားတာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ ကရင်နယ်ခြားစောင့်တပ် BGFအမှတ်(၂)စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းရဲ့ လက်အောက်ခံတပ်ဖွဲ့ အကူအညီနဲ့ လေးကေကော်ဆေးခန်းနေရာ ဝန်းကျင်တဝိုက်ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

” ဆေးခန်းတော့ ဒီကောင်(စကစ)တွေပြန်ထိုင်ထားလိုက်ပြီ၊ ဆေးခန်းနေရာက ရွာအဝင်မှာ၊ (စစ်ကောင်စီတပ်တွေ)ရွာထဲတော့ဝင်သွားကုန်ပြီ၊ (လေးကေကော်)တစ်မြို့လုံးက တစ်ဝက်ပဲရသေးတယ်” လို့အဲဒီသတင်းရင်းမြစ်ကဆိုပါတယ်။

စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်တွေမှာတော့ လေးကေကော်မြို့တစ်ခုလုံးကို သိမ်းယူလိုက်နိုင်ပြီလို့ ဝါဒဖြန့်ထားပါတယ်။

ဒါပေမယ့် မြေပြင်အခြေအနေမှာတော့မြို့ရဲ့တဝက်လောက်သာ စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်တာဖြစ်ပြီး KNLA၊PDF ပူးပေါင်းတပ်ဖွဲ့တွေက ဆက်လက်ခုခံတိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လေးကေကော်မြို့ကို သိမ်းပြီးရင် မြဝတီမြို့ တောင်ဘက် ထိုင်း- မြန်မာ နယ်စပ်တလျောက်ရှိ ဖလူး၊ သေသောဘိုး စတဲ့ မြန်မာ-ထိုင်းနယ်စပ်စခန်းတွေကို ပြန်သိမ်းနိုင်ဖို့ကြံစည်နေပြီး ဝေါ်လေဗျူဟာအထိပါ ထိုးစစ်ဆင်ဖို့ပြင်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကတွက်ဆပါတယ်။

ကရင်ပြည်နယ်မှာစစ်တပ်ဟာ BGF အကူအညီအပြင် ခွဲထွက် DKBA ရဲ့ ပူးပေါင်းမှုကိုလည်း ရရှိထားပါတယ်။

ဖာပွန်-ကတိုင်တိ-ကမမောင်းလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်မှာ BGF အပြင် ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA တပ်ဖွဲ့တွေလည်းပါဝင်တယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ