အောက်တိုဘာ-၆၊၂၀၂၅။ ကျော်ဇော/ People’s Spring
တနသ်ာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ရက်ဆက်တိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးတပ်သားတွေရဲ့ ရုပ်အလောင်းတွေကိုပြန်မကောက်ပဲထားခဲ့တာကြောင့်တော်လှန်ရေးရဲ ဘော်တွေက မီးသဂြိုလ်ပေးခဲ့ရတယ်လို့ ထား ဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က ရေဖြူနယ်၊ ဧကနိရွာကိုရောက်ရှိလာတဲ့ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်တပ်စစ်ကြောင်းကို ယင်းနေ့နေ့လယ် ၁၂ နာရီ ၂၀ ခန့်မှ အောက်တိုဘာ ၁ ရက်နေ့ညနေ ၆ ဝန်း ကျင်အထိ တော်လှန်ရေးတပ်တွေက နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၃ ဦးသေ ဆုံးတယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
“ လက်နက်ခဲယမ်းတော့ မရဘူးဗျ။ အလောင်းပဲထားခဲ့တာပါ။ အခုလက်ရှိ တိုက်ပွဲဆက်ဖြစ်တာတော့ မရှိသေးဘူး ငြိမ်သွားပြီဗျ။ ရေနက်ဆိပ် ကမ်းဧရိယာထဲမှာ စစ်ကြောင်းတွေမကုန် သေးဘူးဗျ ရှိသေးတယ်” လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
စစ်တပ်က တိုက်ပွဲအတွင်း စစ်သားရုပ်အလောင်းတချို့ကို ဧကနိရွာရှိပြည်သူ့နေအိမ်တွေနဲ့အတူရောနှော မီးရှို့ထားခဲ့ပေမယ့် ရုပ်အလောင်းတချို့ကျန်ရှိနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များက သချိုင်းသို့သယ်ကာ မီးသဂြိုလ်ပေးခဲ့တယ်လို့အဲဒီတာဝန်ရှိသူကဆက်ပြောပါတယ်။
အလောင်းတွေနဲ့အတူ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အိမ် ၁၀ လုံးမှာ ကြံ့ခိုင်ရေးပါတီရဲ့ ၂၀၂၀ အမတ်လောင်းလည်းဖြစ် လက်ရှိ ပျူစောထီးခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဦးနိုင်ဦးဆိုသူရဲ့အိမ်ပါဝင်ခဲ့ပါတယ်။ဒါအပြင် ကြံ့ခိုင်ရေးပါတီကိုထောက်ခံအားသူတွေရဲ့ နေအိမ်ငါးလုံးလည်း ပါဝင်တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုကအသိပေးပါတယ်။
အထက်ပါစစ်ဆင်ရေးကို ဒေါနတပ်ရင်း၊ တပ်ခွဲ-၆၊ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့ ၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ရေဖြူမြို့ နယ် အခြေစိုက် မဟာမိတ်ပူးပေါင်းတပ်များနဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖက်မှ ရဲဘော်တဦး မြင့်မြတ်စွာကျဆုံးကာ သုံးဦးအ နည်းငယ် (မစိုးရိမ်ရ)ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ရေဖြူမြို့နယ်သို့ စစ်ကြောင်းထိုးလာတဲ့ အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာစက်တင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာပုဂေါဇွန်းရွာနှင့်ခမောင်းချောင်းရွာများမှ နေအိမ်နဲ့ စျေးဆိုင်တွေကို ဖောက်ထွင်းခိုးယူကာ ပြည်သူအချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။



















































