Connect with us

Hi, what are you looking for?

သတင်း

အထွေထွေထိုးစစ်အတွက် ပကဖတွေကို PDFအသွင်လေ့ကျင့်စုဖွဲ့နေဟု အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူးပြော

အထွေထွေထိုးစစ်အတွက် ကြိုတင်ပြင်ဆင်မှုအတွက် ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးစစ်ကြောင်းကို PDFအသွင်လေ့ကျင့်စုဖွဲ့ခဲ့တယ်လို့ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားက ပြောကြားပါတယ်။

ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်းခြင်းနှင့် အထူးတိုင်းစစ်ဌာနသို့ စစ်ကြောင်းအပ်နှံခြင်းအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - ပဲခူးခရိုင် ပကဖ

အောက်တိုဘာ-၆၊ ၂၀၂၅။ထားမြတ်/People’s Spring

အထွေထွေထိုးစစ်အတွက် ကြိုတင်ပြင်ဆင်မှုအတွက် ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးစစ်ကြောင်းကို PDFအသွင်လေ့ကျင့်စုဖွဲ့ခဲ့တယ်လို့ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားက ပြောကြားပါတယ်။

အောက်တိုဘာ ၅ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်မယ့် ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်းခြင်းနဲ့ စစ်ကြောင်းအပ်နှံမှုကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေမှာပြုလုပ်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖက ဒီကနေ့ (အောက်တိုဘာ ၆ရက်)မှာ ထုတ်ပြန်ပါတယ်။

အဲဒီအခမ်းအနားကို အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှုး ရဲဘော်အောင်စံရှား၊ စစ်ထောက်အရာရှိ ရဲဘော်ကွီးသောင်း၊ တိုင်းဆေးတာဝန်ခံ ဒေါက်တာဒေဝ၊ အမှတ် (၃၆) နည်းဗျူဟာမှူး ရဲဘော်ရန်နိုင်၊ပဲခူးတိုင်းပကဖ ထောက်လှမ်းရေးအရာရှိ ရဲဘော်စောဘီလူး ၊ ပဲခူးခရိုင်ပကဖတာဝန်ခံ ရဲဘော်ဖြိုးမောင်နဲ့ ခရိုင်တာဝန်ခံတွေ သက်ဆိုင်ရာမြို့နယ်ပကဖတာဝန်ခံတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်ရှိမှာ ရန်သူ စစ်ကောင်စီထက် အင်အား သာလွန်နေဆဲဖြစ်ပြီး စုစည်းနိုင်ရန်သာလိုအပ်တယ်လို့ ရဲဘော်အောင်စံရှားက ပြောပါတယ်။

“ကျွန်တော်တို့မှာ ခိုင်မာတဲ့စုစည်းမှူနဲ့ ရှိနေတဲ့အရင်းအမြစ်တွေကို မျှဝေပြီး အကျိုးရှိရှိသုံးနိုင်ရင် လာမဲ့ အထွေထွေစစ်ကို အောင်မြင်အောင်စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။EROs ၊ PDF ၊ ပကဖ၊ LDFs တွေကို တစုတစည်းတည်း စုစည်းပြင်ဆင်နေကြပါတယ်၊ Joint Operations Command တစ်ခုတည်းအောက်မှာရှိအောင် တည်ဆောက်နေပြီးဖြစ်ပါတယ်။ ပကဖတွေကို PDF အသွင် လေ့ကျင့်စုဖွဲ့တာသည်လည်း အထွေထွေစစ်အတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုပါ” လို့ ရဲဘော်အောင်စံရှားက ပြောပါတယ်။

ပဲခူးခရိုင်ပကဖဟာ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှူနဲ့အတူ စစ်တောင်းမြစ်ဝှမ်းကနေ ပဲခူး၊ ရန်ကုန်စစ်ဆင်ရေးတွေမှာ အစွမ်းကုန် ပူးပေါင်းသွားမဲ့ စိတ်ဓာတ်ပြတ်သားပြီး လေ့ကျင့်သားဝတဲ့ ပကဖ တိုက်ခိုက်ရေးရဲဘော်တွေ၊ ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားတဲ့ စစ်ကြောင်းတကြောင်းဖြစ်တယ်လို့လည်း ရဲဘော်အောင်စံရှားက ပြောပါတယ်။

PDF နည်းတူ တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေအနေနဲ့ အရေးကြီး ဦးထိပ်ပန်ဆင်ရမယ့် စစ်သည်တော်ကျင့်ဝတ်များ (Code of Conducts) အမိန့်နာခံတက်မှု ( Change Of Command ) အပြင် လက်နက်/ခဲယမ်း၊ အရင်းအမြစ်များ မျှဝေသုံးစွဲရေး၊ ရိက္ခာနဲ့ အုပ်ချုပ်ထောက်ပံ့မှုများ ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားရမယ်လို့လည်း ရဲဘော်အောင်စံရှားက ပြောပါတယ်။

ပဲခူးခရိုင်ပကဖ စစ်ကြောင်းဟာ အမှတ်(၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှူအတွင်းမှာရှိတဲ့ ဝေါ၊ကဝ၊သနပ္ပင်၊ပဲခူး (အင်းတကော်၊ ဘုရားကြီး၊ပဲခူး) မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေကို ပေါင်းစည်းထားတဲ့ စစ်ကြောင်းဖြစ်ပြီး PDF တပ်ရင်း/စစ်ကြောင်းစုဖွဲ့မှုအတိုင်း လက်ရုံးတပ်ဖွဲ့များပါ ပြည့်စုံအောင်စုဖွဲ့လေ့ကျင့်ထား ကြောင်း ဖော်ပြကာ စစ်ဆင်ရေးတွေ ပူးပေါင်းဆောင်ရွက်နေပြီလို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ