Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ် ညောင်ရမ်းရွာ ပကဖကင်းစခန်း တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ် ညောင်ရမ်းကျေးရွာက ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ကင်းစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ဝင်ရောက်စီးနင်းခဲ့တာကြောင့် ရဲဘော်တဦးကျဆုံးခဲ့ပြီး လက်နက်တွေလည်း ဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်က ပြောပါတယ်။

ဓာတ်ပုံ - စစ်ကောင်စီတပ်ဖွဲ့များ ဝင်စီးပြီးနောက်မီးရှို့ခဲ့သည့် ကင်းစခန်း

အောက်တိုဘာ-၆၊၂၀၂၅။သတိုး/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ် ညောင်ရမ်းကျေးရွာက ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ကင်းစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ဝင်ရောက်စီးနင်းခဲ့တာကြောင့် ရဲဘော်တဦးကျဆုံးခဲ့ပြီး လက်နက်တွေလည်း ဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်က ပြောပါတယ်။

ဒီနေ့ (အောက်တိုဘာ ၆) မနက် ၁၀နာရီခွဲလောက်မှာ ပေါက်မြို့နယ် ဇီးပြားရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ညောင်ရမ်းရွာက ရပ်ကျေးပကဖ ကင်းစခန်းကို ဝင်စီးခံရတာဖြစ်ပါတယ်။

ကင်းစခန်းမှာရှိတဲ့ ရဲဘော်သုံးဦးထဲက နှစ်ဦးလွတ်မြောက်ခဲ့ပေမယ့် တဦးကတော့ သေနတ်ဒဏ်ရာကြောင့် ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ဟာ သီတင်းကျွတ်လပြည့်နေ့ နေ့ထူးနေ့မြတ်ဖြစ်တာကြောင့် ကင်းစခန်းမှာ လူနည်းတဲ့အချိန် ဝင်တိုက်တာ ဖြစ်နိုင်ပြီး သေနတ်သုံးလက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်က ကင်းစခန်းကို မီးရှို့ခဲ့ပြီး ဒဏ်ရာရထားတဲ့ ရဲဘော်ကိုပါ မီးရှို့သွားတာလို့ အဲဒီနေရာကိုရောက်ရှိခဲ့တဲ့ ဒေသခံက ပြောပါတယ်။

ဇီးပြားကျေးရွာက အရင်ကတည်းက ပျူစောထီးကြီးစိုးတဲ့ရွာ ဖြစ်ပါတယ်။

အဲဒီ့ရွာကတဦးက ပကဖ အဖွဲ့ထဲကို ဝင်လာပြီး ယမန်နေ့ညက ဇီးပြားရွာကိုပြန်သွားခဲ့ပြီးနောက် အခုလိုတိုက်ခိုက်ခံရတာလို့ အထက်ပါ သတင်းအရင်းအမြစ်က ပြောပါတယ်။

လာရောက်စီးနင်းတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း တဦးသေဆုံးတယ်လို့ ၎င်းက ပြောပါတယ်။

“ ပျူရွာဘက်ကနေ ငြိမ်းချမ်းရေးဝင်လာတဲ့လူတစ်ယောက်က အဲဒီ့ဘက်ကိုပြန် ပေါင်းသွားတာ။ အဲဒါကနေ နေရာတွေဘာတွေသိပြီး မနက်က မထင်မှတ်ပဲလုပ်သွားတာ” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ