Connect with us

Hi, what are you looking for?

သတင်း

လပြည့်ည ဆီမီးထွန်းပွဲလုပ်နေတဲ့ မုံရွာမြို့နယ်ကရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ကလေးငယ်တွေအပါအဝင် သေဆုံးမှုများ

သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲလုပ်နေတဲ့ စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်က ကျေးရွာတရွာကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ရာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် ထိခိုက်သေဆုံးသူ များတယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့ အခင်းဖြစ်ပွားရာမှာ တွေ့ရတဲ့ ဖိနပ်တရံ။ ဓာတ်ပုံ - CJ

■လက်တလော ရုပ်အလောင်း ၁၃ လောင်း ရှာတွေ့ထား

အောက်တိုဘာ-၆၊ ၂၀၂၅။ရဲခေါင်၊ဇေအောင်/People’s Spring

သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲလုပ်နေတဲ့ စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်က ကျေးရွာတရွာကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ရာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် ထိခိုက်သေဆုံးသူ များတယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကနေ့(အောက်တိုဘာ ၆ရက်)ည ၈ နာရီခွဲဝန်းကျင်းကမုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်မှာ သီတင်း ကျွတ်မီးထွန်းပွဲလုပ်နေတဲ့ ကျေးရွာတရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ ည မီးပုံပျံလုပ်ရင်းဖြစ်တာ ထိတာ ၅၀ဝန်းကျင်ရှိတယ်။သေဆုံးသူအရေအတွက် မစိစစ်ရသေးဘူး။ တော်တော်များတယ်” လို့ ချောင်းဦး ပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

“ ခုနက တွေ့ထားတာကတော့ ၁၃လောင်းတဲ့။ကလေးတွေလည်း အများကြီးပါတယ်” လို့ မုံရွာမြို့ မြေပြင်သတင်းရင်းမြစ် MRIရဲ့ အဖွဲ့ဝင်တဦးက လူထုနွေဦးသို့ ပြောပါတယ်။

ထိခိုက်မှုများစွာရှိပြီး အခြေအနေအသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေတယ်လို့ ၎င်းက ပြောပါတယ်။

“ ဒီလိုရက်မှာတောင် လုပ်ရက်ကြတာဗျာ” လို့ မုံရွာမြို့နေပြည်သူတဦးက ပြောပါတယ်။

“ အထိခိုက်များတယ်လို့ကြားတယ်။ အတိအကျကတော့ မနက်မှ သိရမယ်။” လို့ မုံရွာမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Monywa Roads Information အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဗုံးကြဲခံရတဲ့ဖြစ်စဥ်က ဓာတ်ပုံအချို့ ထွက်ပေါ်လာပြီး အမျိုးသမီးခြေပြတ်လက်ပြတ်တွေ၊ ဒဏ်ရာပရပွနဲ့ ခန္ဓာကိုယ်ဝမ်းဗိုက်ပေါက်ထွက်ကာသေဆုံးနေတဲ့ ကလေးငယ်ပုံတွေကို တွေ့မြင်ရပါတယ်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဖြစ်စဥ်မှန်ကန်ကြောင်း အတည်ပြုပြီး အသေးစိတ်ဖြေကြားနိုင်ခြင်း မရှိသေးပါဘူး။

​စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာဟာ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်က ဘုံတိုကျေးရွာလို့ လူထုနွေဦးအနေနဲ့ ကနဦးသိရပြီး အတည်ပြုနိုင်ရေး ဒေသခံကာကွယ်ရေးအဖွဲ့တွေထံမေးမြန်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီက မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှာ စက်တပ်လေထီးတွေအပြင် ဂျိုင်ရိုကော်ပတာ (Gyrocopter) တွေကို ပြီးခဲ့တဲ့လကတည်းက ဖြည့်တင်းထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ