Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲကိစ္စဆွေးနွေးဖို့ နေပြည်တော်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးသွား​နေဟုဆို

အာဏာသိမ်းစစ်ကောင်စီကလုပ်မယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟာမြန်မာနိုင်ငံကို သွားရောက်မယ်လို့ မလေးရှား အစိုးရကထုတ်ပြန်ပါတယ်။

မ​လေးရှားနိုင်ငံခြား​ရေးဝန်ကြီး မိုဟာမက်ဟာဆန် ။ဓါတ်ပုံ-AP

​အောက်တိုဘာ-၉၊၂၀၂၅။People’s Spring

အာဏာသိမ်းစစ်ကောင်စီကလုပ်မယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟာမြန်မာနိုင်ငံကို သွားရောက်မယ်လို့ မလေးရှား အစိုးရကထုတ်ပြန်ပါတယ်။

မလေးရှားဟာအရှေတောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)ရဲ့အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ နိုင်ငံဖြစ်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ဟာနေပြည်တော်ကို အောက်တိုဘာ ၉ ရက်နေ့မှာ တစ်ရက်တာခရီးသွားရောက်မယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

သူ့ရဲ့ တစ်ရက်တာ ခရီးစဉ်မှာ အတောအတွင်း ဟာဆန်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးတို့ကို တွေ့ဆုံမှာ ဖြစ်ပါတယ်။ ပြီးတော့ နှစ်ကုန်ကျရင် စစ်ကောင်စီက ဦးဆောင်ပြီး ပြုလုပ်မယ့် ရွေးကောက်ပွဲကိစ္စ၊ တိုးတက်မှု မရှိဘဲ ရပ်တန့်နေတဲ့ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စတွေကို ဆွေးနွေးဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

မူလက မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင်တို့ အာဆီယံ ၄ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ စက်တင်ဘာ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပေမယ့် နောက်တော့ အချိန်ရွှေ့ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ် အာဏာမသိမ်းခင်က မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေး ပါတီပေါင်း ၄၀ ကျော်ဟာ စစ်ကောင်စီ ကြီးမှူးတဲ့ ရွေးကောက်ပွဲမှာ မပါဝင်ကြ၊ ဒါမှမဟုတ် ပါဝင်ခွင့် ပိတ်ပင်ခံထားကြရပါတယ်။ NLDဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုထောက်ခံမဲ ၈၂ ရာခိုင်နှုန်းထိ ရရှိခဲ့ပါတယ်။

မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံတကာ အကဲခတ်တွေကတော့ မလေးရှား အပါအဝင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အနေနဲ့ မြန်မာနိုင်ငံကို မသွားတာက ပိုကောင်းကြောင်း၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ့် အကြောင်းရင်း ဘာတစ်ခုမှ မရှိကြောင်း စက်တင်ဘာလ ခရီးစဉ် မရွှေ့ဆိုင်းခင်တုန်းက ပြောကြားထားဖူးပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာကလည်း အာဆီယံဟာ မြန်မာ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် လူထုက ဦးဆောင်တဲ့ လုပ်ငန်းစဉ်မျိုးကို ထောက်ခံရမှာဖြစ်ပြီး စစ်တပ်က ဖန်တီးထားတဲ့ ဟန်ဆောင်ပန်ဆောင် ကိစ္စမျိုးကို အားပေးရမှာ မဟုတ်ကြောင်း၊ အဲဒီလိုဆိုရင် အာဏာရှင်ကို တရားဝင်မှု ပေးတာနဲ့ ဘာမှ မခြားကြောင်း သတိပေး ထောက်ပြထားခဲ့ပါတယ်။

ကိုးကား- Reuters

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။