Connect with us

Hi, what are you looking for?

သတင်း

ရွှေတချောင်းဘေးက နေအိမ်နဲ့ဆိုင်တွေကို စစ်ကောင်စီအင်အားသုံးဖယ်ရှား

မန္တလေးမြို့၊ ရွှေတချောင်းမြောင်းဘေးရှိ နေအိမ်နဲ့ ဆိုင်ခန်းတွေကိုစစ်ကောင်စီကအင်အားသုံးဖယ်ရှားနေကြောင်း ဒေသခံများက ပြောပါတယ်။

ဖယ်ရှားခံရတဲ့ နေအိမ်နဲ့ဆိုင်ခန်းတချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ-Voice Of Mandalay

အောက်တိုဘာ-၁၄၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့၊ ရွှေတချောင်းမြောင်းဘေးရှိ နေအိမ်နဲ့ ဆိုင်ခန်းတွေကိုစစ်ကောင်စီကအင်အားသုံးဖယ်ရှားနေကြောင်း ဒေသခံများက ပြောပါတယ်။

အောက်တိုဘာ၁၁ရက် မနက်ပိုင်းကစပြီး မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊၈၆လမ်း၊ရွှေတချောင်းဘေးက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ စည်ပင်ဝန်ထမ်းတွေက လမ်းတွေပိတ်ပြီး ဖယ်ခိုင်းနေကြောင်း Voice Of Mandalay အဖွဲ့က အသိပေးပါတယ်။

ဒါ့အပြင် မြောင်းဘေးတလျှောက် ဖွင့်လှစ်ထားတဲ့ ဆိုင်တွေကိုလည်းဖယ်ရှားနေပြီး ခင်းထားတဲ့ဆိုင်တွေကို သိမ်းယူသွားကြောင်း ဒေသခံများကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ခင်းထားတဲ့ခုံတွေ၊ လှည်းတွေ အကုန်ကားပေါ်တင်သွားတယ်။ ဘယ်လိုက်ရွေးရမှန်းမသိဘူး”လို့ ဒေသခံစျေးသည်တဦးက ပြောပါတယ်။

ဖယ်ရှားခံရတဲ့ နေအိမ်နဲ့ ဆိုင်ခန်းအရေအတွက်ကိုတော့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဟာပြီးခဲ့တဲ့သြဂုတ်လအတွင်းကလည်းမန္တလေးမြို့ပေါ် ဆိုင်ခန်းတွေကို မှန်တံခါးတပ်ခိုင်းတာတွေ၊ ဆိုင်ရှေ့အဖီထုတ်ထားတာကို ဖျက်ခိုင်းတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ငလျင်ကြီးဒဏ် ကြုံတွေ့ခဲ့ရတဲ့ မန္တလေးမြို့က ဆိုင်ခန်းရှင်တွေဟာ ဆိုင်ခန်းငှားဖို့ အခက်အခဲတွေရှိနေတဲ့ကြားက ယခုလို စစ်ကောင်စီရဲ့ ဖယ်ရှားရှင်းလင်းမှုတွေကြောင့် ပိုပြီးအခက်အခဲ ဖြစ်လာကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။