Connect with us

Hi, what are you looking for?

သတင်း

TNLA ဆုတ်ခွာပေးလိုက်တဲ့ ဘော်ကြိုရွာ ကျော်ပြီး စစ်ကောင်စီ ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်က ရှေးဟောင်းစေတီဖြစ်တဲ့ ‌ဘော်ကြိုဘုရားနဲ့ကျေးရွာမပျက်စီးစေရေးအတွက်သံဃာတော်တွေက မေတ္တာရပ်ခံလို့ တအာင်းတပ်မတော် (TNLA)က ဆုတ်ခွာပေးပြီးနောက်ပိုင်း ဘော်ကြိုနဲ့ သီပေါမြို့ကြားက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ရက်က ဘော်ကြိုရွာကို စစ်ကောင်စီတပ် ဗုံးကြဲလို့ နေအိမ်ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Visit Kyaukme

အောက်တိုဘာ-၁၅၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်က ရှေးဟောင်းစေတီဖြစ်တဲ့ ‌ဘော်ကြိုဘုရားနဲ့ကျေးရွာမပျက်စီးစေရေးအတွက်သံဃာတော်တွေက မေတ္တာရပ်ခံလို့ တအာင်းတပ်မတော် (TNLA)က ဆုတ်ခွာပေးပြီးနောက်ပိုင်း ဘော်ကြိုနဲ့ သီပေါမြို့ကြားက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်က ဘော်ကြိုရွာမှာတည်ရှိပြီး သမိုင်းဝင်ဘော်ကြိုဘုရာလို့ လူသိများတဲ့ အဲဒီနေရာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ် မြေပြင်စစ်ကြောင်းတွေက အောက်တိုဘာ ၁၃ရက် ညနေမှာ ရောက်ရှိလာတာပါ။

သီပေါမြို့ကိုဦးတည်ထားတဲ့စစ်ကြောင်းနဲ့ ခုခံစစ်ပြင်ထားတဲ့ TNLAအနေနဲ့ ဘော်ကြိုဘုရားနဲ့ရွာအနီးမှာ မတိုက်ခိုက်ကြဖို့ ဒေသတွင်းသြဇာရှိတဲ့ သံဃာတော်တွေက တိုက်တွန်းခဲ့ကြပါတယ်။အဲဒီနောက် TNLAကဆုတ်ခွာသွားပြီးစစ်ကောင်စီတပ်က နေရာယူသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

၎င်းက “ဘော်ကြိုကတော့ သမိုင်းဝင်နေရာမို့လို့ ကံကောင်းပြီး စစ်ကွင်းသွားတယ်။ဒါပေမယ့် ဘော်ကြိုနဲ့သီ‌ပေါကြားကရွာတွေကိုဗုံးကြဲနေတယ်။အဆောက်အအုံတွေ ပျက်စီးတာရှိတယ်”လို့ ဆိုပါတယ်။

(၄)မိုင်ခန့် ဝေးတဲ့ ဘော်ကြိုရွာနဲ့သီ‌ပေါမြို့ကြားမှာ နားခဲရွာ၊ ခါလိန်ရွာ၊ ဂေါ်ဒန်ရွာ၊ မန်ဟဲရွာ၊နမ့်ဟူးနွဲ့ရွာအပါအဝင် ကျေးရွာတချို့ရှိနေပြီး အောက်တိုဘာ ၁၄ရက်မှာ စစ်ကောင်စီက ဗုံး ၁၀ လုံးထက်မနည်းကြဲချခဲ့တယ်လို့ သိရပါတယ်။

“ကျမတို့တွေ နှစ်တွေအကြာကြီး စာသွားသင်ခဲ့တဲ့ကျောင်းတွေ လေယာဉ်ဗုံးထိသွားပြီ။ပျက်စီးသွားတယ်။မြို့နားတင်ကြဲနေတာလေ”လို့ ရှမ်းမြောက်ကပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

ကျောက်မဲမြို့ကိုအောက်တိုဘာ၁ရက်ကထိန်းချုပ်ပေးတဲ့နောက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းအချို့ဟာ သီပေါမြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတာပါ။

ကျောက်မဲနဲ့ သီ‌ပေါမြို့ကြားထဲက လွယ်ခေါ်ရွာမှာ တပတ်ခန့်အကြာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် စစ်ကြောင်းတွေရှေ့ကို တိုးလာတာပါ။

သီပေါဒေသခံအများစုဟာ လားရှိုးမြို့ကိုတိမ်းရှောင်နေကြပြီး MNDAAထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာလည်း သွားရောက်နေထိုင်သူတွေရှိနေပါတယ်။ ဒါ့အပြင် သီပေါမြို့ထဲမှာ ကျန်နေသူတွေလည်းရှိနေပါသေးတယ်။

စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့ကိုစစ်ကြောင်းဝင်ခဲ့စဉ်က အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတာ၊ သတ်ဖြတ်တာနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာမို့ သတိပြုကြဖို့ အရပ်ဖက်အဖွဲ့တွေက သတိပေးထားပါတယ်။

စစ်ကောင်စီတပ်က အရပ်သားတွေကို ဦးတည်ပြီး လေကြောင်းနဲ့လက်နက်ကြီးအသုံးပြု တိုက်ခိုက်နေလို့ ဘေးကင်းတဲ့နေရာမှာ နေထိုင်ကြဖို့နဲ့ ဒေသခံတွေကိုကူညီကြဖို့တအာင်းပြည်ကောင်စီ (TLC) ကအောက်တိုဘာ၁၄ရက်မှာတိုက်တွန်းထားပါတယ်။

လက်ရှိမှာ စစ်‌ကောင်စီတပ် စစ်ကြောင်းတွေက သီပေါမြို့နဲ့ (၃)မိုင်အကွာက မန်ဟဲကျေးရွာနဲ့ ဂေါ်ဒန်ရွာဘက်ကို ဦးတည်နေပြီးလေကြောင်းပစ်ကူနဲ့အတူ စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။

ဘော်ကြိုရွာဟာ ရှမ်းရွာကြီးတစ်ရွာဖြစ်ပြီး ဘော်ကြိုစေတီကလည်းနှစ်ပေါင်း ၉၀၀ ခန့် သက်တမ်းရှိပြီလို့ သမိုင်းမှတ်တမ်းတွေကဖော်ပြပါတယ်။ ဘော်ကြိုစေတီဘုရားပွဲတော်ကလည်း အစဉ်အလာကြီးမားပြီး အနေနဲ့အရပ်ရပ်က စိတ်ဝင်တစား လာရောက်လေ့လာကြပါတယ်။

စစ်ကောင်စီက သီပေါမြို့ အထက်နမ့်ဟူးနွဲ့ကျေးရွာ၊ ခါလိန်ကျေးရွာနဲ့စံဖိတ်ကျေးရွာ အနီးဝန်းကျင်နေရာတွေကို မနေ့က အောက်တိုဘာ ၁၄ရက် ညနေပိုင်းမှာ Y12လေယာဉ်နဲ့ဗုံးအလုံး ရေ ၃၀ခန့် ကြဲချခဲ့ပြီး အဲဒီနေရာတွေမှာ ဒီကနေ့မှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPPက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။