Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ ခလရ(၁၁၆)စစ်ကြောင်းကို ယူနီကွန်းပြောက်ကျားတပ် တိုက်ခိုက်

စစ်တပ် ငါးဦးထက်မနည်းသေ၊ လက်နက်တွေသိမ်းရတယ်လို့ ယူနီကွန်းပြော

ခလရ(၁၁၆)တပ်ရင်းက စစ်ကြောင်းထံက သိမ်းရတဲ့ လက်နက်တွေ။ ဓာတ်ပုံ - ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ - UGF

အောက်တိုဘာ-၁၆၊ ၂၀၂၅။ဇော်ဝင်း /People’s Spring

စစ်ကိုင်းမြို့မှာ ခလရ(၁၁၆)တပ်ရင်းက စစ်ကြောင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေပြီး ၁၅ ဦးထက်မနည်း ထိခိုက်ခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထံကနေ MA1နှစ်လက်၊ MA3 သုံးလက်၊ MA5တစ်လက်၊ ခြောက် လုံးပြူးတလက် နဲ့ အီနာဂါတလုံး၊ အိုင်ကွန်တခု သိမ်းရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်စဥ်အရ အောက်တိုဘာ ၁၃ ရက်မှာ စစ်ကိုင်းမင်းကွန်းလမ်း ပေါက်တောကျေးရွာက ပြည်သူတွေကို ခလရ(၁၁၆)တပ်ရင်းက စစ်သားတွေက ဖမ်းဆီးစစ်ဆေးနေစဥ် ကင်းပုန်းဝပ်စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“သီတင်းကျွတ်လပြည့်မတိုင်ခင်က တပ်စွဲထားတာ လက်ပံရွာမှာ။လက်ပံရွာကနေ ပေါက်တောဘက် လာတာ။ညနေပိုင်းဆို လက်ပံရွာကို အဲဒီစစ်ကြောင်းက ပြန်ထိုင်တယ်”လို့ ခလရ(၁၁၆)တပ်ရင်းစစ်ကြောင်း တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ရှင်းပြပါတယ်။

ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေရဲ့ ကား၊ဆိုင်ကယ်တွေကို အတင်းလုယူထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီးပြည်သူတွေ အနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အတတ်နိုင်ဆုံး ဝေးဝေးနေကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့လကလည်း စစ်ကိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်ကို ယူနီကွန်းတပပြောက်ကျားဖွဲ့ UGFက တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

UGFတပ်ဖွဲ့က စစ်ကိုင်းမြို့နယ်ထဲမှာ ပျူစောထီးခေါင်းဆောင်အဖွဲ့ကို ရှင်းလင်းတာအပါအဝင် သြဂုတ်အတွင်းက စစ်ကိုင်းမြို့နယ်က အင်အား ၁၀၀ ကျော်နဲ့ဝင်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့မှာ မနေ့က မေလ ၁၁ရက်တစ်ရက်တည်း လူ ၁၅၀နီးပါး စစ်တပ်ရဲ့ ဖမ်းဆီးပေါ်တာဆွဲခံရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေအတွက် “စစ်ကိုင်းဆီသို့” ကမ်ပိန်းမှ ထောက်ပို့တဲ့ကာကွယ်ရေးပစ္စည်းများ လက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။