Connect with us

Hi, what are you looking for?

သတင်း

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက တပ်စခန်းသိမ်းတိုက်ပွဲမှတ်တမ်း နေပြည်တော် တပ်ရင်း (၈၀၈) ထုတ်ပြန်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ရွာသစ်ကျေးရွာက စစ်ကောင်စီ တပ်စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့တဲ့ မှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်း စစ်ဌာန ကွပ်ကဲမှုအောက်က အမှတ်(၈၀၈) တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

Screenshot

အောက်တိုဘာ- ၂၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ရွာသစ်ကျေးရွာက စစ်ကောင်စီ တပ်စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့တဲ့ မှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်း စစ်ဌာန ကွပ်ကဲမှုအောက်က အမှတ်(၈၀၈) တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

ရေတာရှည်မြို့နယ် ဆွာမြို့နဲ့ သုံးမိုင်လောက်သာဝေးတဲ့ ရွာသစ်ရွာ စစ်ကောင်စီအထိုင်စခန်းကို နေပြည်တော် PDFဗျူဟာ(၁၉) တပ်ရင်း(၈၀၈)နဲ့ မဟာမိတ်တပ်ရင်းတွေက အောက်တိုဘာ ၂၀ရက်နေ့မှာ တိုက်ခိုက်ခဲ့တာပါ။ အင်အား ၆၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရာမှာ စစ်ကောင်စီရဲ လေကြောင်းရန်ကာကွယ်ရေးတပ်(၂၀၂၉) က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းမှာ စစ်သုံ့ပန်း ၂ဦးဖမ်းမိမှု၊ သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်း တွေရဲ့ ပုံတွေကို ထည့်သွင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းစစ်ဆင်ရေးမှာ လက်နက်ကြီး လက်နက်ငယ် ၇လက် သိမ်းရခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

ရွာသစ်ရွာ စစ်ကောင်စီတပ်စခန်းဟာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ရွာဖြစ်ပြီး မြို့တွေကို ကာကွယ်ဖို့ တပ်စွဲထားတဲ့ ကာကင်းဖြစ်တယ်လို့ အမှတ်(၈၀၈)တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပြပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်တာရှိပေမယ့် ထိခိုက်မှုမရှိဘူးလို့ သူကပြောပါတယ်။

ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြား ပိတ်မိနေတဲ့ ပြည်သူတွေကို တိုက်ပွဲလွတ်ရာ ကယ်ထုတ်ပေးခဲ့တယ်လို့လည်း တပ်ရင်းက အသိပေးထားပါတယ်။

အခု အောင်ပွဲဟာ နေပြည်တော် တပ်ရင်း(၈၀၈) က ပြုလုပ်နေတဲ့ လက်နက်အလက် ၂၀ တပ်ဆင်ရေး အော်ပရေးရှင်း စစ်တောင်း ကမ်ပိန်းရဲ့ အသီးအပွင့်ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပြီး ကမ်ပိန်း အောင်မြင်ရေး ပြည်သူတွေ ပါဝင်ပေးကြဖို့လည်း တပ်ရင်း(၈၀၈)က နှိုးဆော်ထားပါတယ်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက တပ်စခန်းသိမ်းတိုက်ပွဲမှတ်တမ်း နေပြည်တော် တပ်ရင်း (၈၀၈) ထုတ်ပြန် အောက်တိုဘာ- ၂၂၊ ၂၀၂၅။…

Posted by People's Spring on Tuesday 21 October 2025

ရုပ်သံ – နေပြည်တော် PDF

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။