Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံခရိုင်မှာ စစ်ကောင်စီတပ် စစ်ဦးလန်အောင် တိုက်ခိုက်ခံရ

ဗိုလ်မှူးအဆင့်အပါအဝင် စစ်တပ် သေဆုံးမှုများ၊ PDF ပူးပေါင်းတပ်တွေ လက်နက်မျိုးစုံ ၅၀ နီးပါး သိမ်းရ

မြင်းခြံခရိုင်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - NPDF

အောက်တိုဘာ-၂၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်က အင်အား ၂၀၀ ပါစစ်ကြောင်းနဲ့ မြင်းခြံခရိုင်အတွင်း ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားသလို လက်နက်မျိုးစုံ ၅၀နီးပါး သိမ်းရခဲ့ကြောင်း နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (Natogyi People Defence Force) မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၅ရက်ကနေ အောက်တိုဘာ ၁၂ရက်အတွင်း ၁၈ရက်တာအတွင်းတိုက်ပွဲ အခြေအနေကို အသိပေးခဲ့တာဖြစ်ပါတယ်။

အဲဒီကာလအတွင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ လေးကြိမ်ဖြစ်ခဲ့ပြီး နေ့အလိုက် တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၅ရက်မှာ နွားထိုးကြီးမြို့နယ် ၊ ရန်ကင်းဘုရားမှ မြိုင်သာကျေးရွာ ဘက် ဦးတည်စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ ဗိုလ်ကြီး အပါအဝင် ၇ဦးသေဆုံးပြီး လက်နက် ၁လက် သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီတပ်ကို မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း ၊ မြစ်သား (ပကဖ) တခြားမဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။

အောက်တိုဘာ ၁ရက်မှာလည်း နွားထိုးကြီးမြို့နယ် ၊ မြိုင်သာရွာအား မီးရှို့ဖျက်ဆီးပြီး ဒိုင်းလည်ရွာ အနီး ဦးတည်စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၅၀ ကျော်ပါ စစ်ကြောင်းကို မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းနဲ့ မြစ်သား (ပကဖ) ၊ မြင်းခြံခရိုင် (Drone) တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိအခိုက်များပြီး ဖွဲ့စည်းပုံပျက် စစ်ဦးလန်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး ဖမ်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးအထက်သေဆုံးကာ လက်နက်မျိုးစုံ ၁၀လက်၊ ဒရုန်း ၂စီးနဲ့ ကျည်တွေ သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းရခဲ့တာတွေက ငါးကြင်းမှီး (၁)လက်၊ MA-11 (၃)လက်၊ G-3 (၂)လက်၊ MA-1 (၁)လက်၊ M79 (၁)လက်၊ MA-5(၂)လက်၊ Drone (၂)စီး၊ ကျည်မျိုးစုံ (၃၃၁၂)တောင့်၊ ၄၀မမ (၃)လုံး၊ ၆၀မမ (၇)လုံး၊ RPG (၁)ဖူး၊ Drop bomb (၄)ဖာ၊ ပို့ယမ်းတောင့် (၁၁)တောင့်၊ လက်ပစ်ဗုံး(၁၂)လုံး၊ အီနာဂါ (၁)လုံး၊ ကျည်ဘောက်(၂၁)ဘောက်၊ ကတ်သီး (၁၃) ခု ၊jammer ကား (၁)စီး ၊ ကား (၃)စီး တို့ကို သိမ်းရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၉ရက်မှာလည်း မလှိုင်မြို့နယ် ၊ နှောကန်ရွာ ဘက်မှ မလှိုင်မြို့နယ် ၊ အိမ်ကြီးတောရွာ ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ပါစစ်ကြောင်းကို မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း တို့က တိုက်ခိုက်ခဲ့လို့ ထိတွေ့တိုက်ပွဲငယ်တွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၂ရက်မှာလည်း တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး ဗိုလ်မှူး ကျော်မင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀နဲ့အထက်သေဆုံးပြီး ၅ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဗိုလ်မှူးဟာ မလှိုင်မြို့နယ် ၊ တောင်သာမြို့နယ် တို့မှာ အမျိုးသမီး (၂၀)ဦးထက်မနည်းကို အလိုမတူ အတင်းအဓ္ဓမပြုကျင့် သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကို ဦးဆောင်လုပ်ကိုင်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်းမှာလည်း လက်နက်မျိုးစုံ ၂၄လက်နဲ့ စစ်အသုံးအဆောင်တွေ သိမ်းရခဲ့ကြောင်း ဖော်ပြပါတယ်။ သိမ်းရခဲ့တာတွေက MA -1 ၆ လက် ၊ MA-2 ၅လက် ၊ MA-3 ၆ လက် ၊ MA -4 ၁လက် ၊ RPG ၁လက် ၊ ငါးကြင်းမြှီး ၂လက် ၊ ၆၀မမ ပြောင်းတို ၃ လက် ၊ ၆၀မမ ပြောင်းရှည် ၁လက် တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငါးကြင်းမြှီးပြောင်း ၁ခု ၊ ကျည်မျိုးစုံ ၆၀၇၈ တောင့် ၊ ပို့ကျည် ၂၅တောင့် ၊ ၄၀ မမ ၁၅ လုံး ၊ ၆၀မမ ၁၁ လုံး ၊ RPG ၁၂ဖူး ၊ RPG ပို့ယမ်း ၉တောင့် ၊ လျက်ဆားပုလင်း ၁၁လုံး ၊ လက်ပစ်ဗုံး ၄လုံး ၊ M9 ၂လုံး Drone ၂စီး ၊ Drone Shooter ၂ခု ၊ ကျောပိုး Jammer ၁ခု ၊ Jammer အကြီး ၁ခု ၊ ကား ၃စီး ၊ Drone ဗုံးသီး ၂ဖာ ၊ ကျည်ဘောက်အစုံ ၅၆ဘောက် တို့သိမ်းရခဲ့ကြောင်း အသိပေးပါတယ်။

အောက်တိုဘာ ၁၂ရက်မှာဘဲ မလှိုင်မြို့နယ် ၊ အိမ်ကြီးတောရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ အင်အား ၂၀၀ ပါ စစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးခဲ့လို့ မလှိုင်မြို့နယ် ၊ နှောကန်ရဲစခန်းကို စစ်ကူ ခေါ်ခဲ့ရကြောင်း ဖော်ပြပါတယ်။

အဲဒီ စစ်ကူစစ်ကြောင်းကိုလည်း မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်းနဲ့ မဟာမိတ်တွေဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၈)တပ်ရင်း ၊ နွားထိုးကြီး (ပကဖ) ၊ တံတားဦး (ပကဖ)တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်ကူစစ်ကြောင်းဆီက MA – 1 = (၄) လက် ၊ MA -2 = (၂) လက် ၊ MA -3 = (၄) လက် ၊ ၆၀မမ ပြောင်းတို = (၁) လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၁လက် သိမ်းရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

၁၈ရက်တာ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို အကောင်းဆုံး ခုခံနိုင်ခဲ့ပြီး ခံစစစ်ကနေ ထိုးစစ်အသွင် စစ်ရေးဖော်ဆောင်ကာ စစ်ကောင်စီတပ် စစ်ဦးလန်တဲ့အထိ တွန်းလှန်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်းမှာ ရဲဘော်တွေ အသက်၊ သွေး၊ ချွေးများရင်းနှီးခဲ့ရကြောင်း အသိပေးထားပေမယ့် ထိခိုက်ကျဆုံး အရေအတွက်ကို ဖော်ပြမထားပါဘူး။

စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အလွန်အကျွံ ပြုလုပ်ခဲ့တာကိုလည်း အသိပေးထားပြီး တော်လှန်ရေး အရွေ့တစ်ခုကို ဦးတည်တဲ့ စစ်ရေးဖော်ဆောင်မှုတွေ ရှိလာမှာလို့ ထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ တော်လှန် တွန်းလှန် လိုစိတ်တွေ မတွန့်ဆုတ်ဘဲ ဘုံရန်သူအား မမေ့မလျော့ လက်တွဲပြီး စည်းလုံးညီညွတ်စွာ တော်လှန်ရေးအောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်စေလိုကြောင်းလည်း မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်းနဲ့ မြင်းခြံခရိုင်အမှတ်(၁၀)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။