Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီဝန်ထမ်း တွေမဲမ​ပေးရင် နိုင်ငံဝန်ထမ်းဥပဒေအပြင် အကြမ်းဖက်ဥပ​ဒေနဲ့ပါအရေးယူမယ်လို့စစ်တပ်ခြိမ်းခြောက်​နေ

စစ်ကောင်စီဝန်ထမ်းတွေ မဲမပေးရင် နိုင်ငံဝန်ထမ်းဥပဒေအပြင် အကြမ်းဖက်ပုဒ်မနဲ့ပါ အရေးယူခံရမယ်လို့ ဌာနတွင်းသတိပေးမခြိမ်း​​ခြောက်ထားတယ်လို့ ဝန်ထမ်းအချို့ နဲ့ ဝန်ထမ်းမိသားစုဝင်​တွေက​ပြောပါတယ်။

မန္တ​လေးမြို့ပါမှာ စစ်တပ်က မဲစာရင်းကပ်ထား​ပေမယ့် ကြည်သူမရှိတာကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ

အောက်တိုဘာ-၂၅၊၂၀၂၅။ရှိန်း/People’s Spring

စစ်ကောင်စီဝန်ထမ်းတွေ မဲမပေးရင် နိုင်ငံဝန်ထမ်းဥပဒေအပြင် အကြမ်းဖက်ပုဒ်မနဲ့ပါ အရေးယူခံရမယ်လို့ ဌာနတွင်းသတိပေးမခြိမ်း​​ခြောက်ထားတယ်လို့ ဝန်ထမ်းအချို့ နဲ့ ဝန်ထမ်းမိသားစုဝင်​တွေက​ပြောပါတယ်။

စစ်တပ်ရဲ့တပ်မိသားစု၊ တရားရေး၊ ထွေအုပ်၊ ပညာရေး၊ ရဲမိသားစုဝင်တွေကို အခုလိုခြိမ်းခြောက်ထားတာလို့စုံစမ်းသိရပါတယ်။

“အမိန့်စာဆိုပြီးထွက်ထားတာမဟုတ်ဘူး။Viber ဂရုတွေထဲမှာပို့တယ်။ဌာနတိုင်းကတော့ နှုတ်မိန့်ကျမှာပါ။ကျွန်မတို့ဌာနဆိုရင်မဲစာရင်းစစ်ဖို့ကအစ နိုင်ငံဝန်ထမ်းတ‌ယောက်အနေနဲ့ တာဝန်ကြေဖို့ပြောတယ်။မဲမပေးရင် ဌာနမှာတခုခုဖြစ်မယ်ဆိုတာ အကုန်သိနေကြတာပဲ။ဝန်ထမ်းအနေနဲ့က တော့ပေးရမှာပေါ့”လို့ ရဲဝန်ထမ်းအမျိုးသမီးတဦးကလည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်တရားရုံးဝန်ထမ်းတွေကိုလည်း မဲမ​ပေးရင်PDFထောက်ခံသူအဖြစ်သတ်မှတ်ကာအကြမ်းဖက်ဥပဒေနဲ့တရားစွဲမယ်လို့ ခြိမ်းခြောက်ထားပြီး မိသားစုဝင်အားလုံးက မဲပေးရမယ်လို့ ဖိအား​ပေး​နေတယ်လို့ စုံစမ်းသိရပါတယ်။

ပညာရေးဌာနမှာလည်း Viber ကနေတဆင့် စစ်တပ်ရွေးကောက်ပွဲမှာ မဲပေးရခိုင်းထားပြီးမဲမပေးရင် CDM ဝန်ထမ်းအဖြစ်သတ်မှတ်ကာ လိုအပ်တဲ့ ပုဒ်မတပ်၍အရေး ယူသွားမယ်လို့ ဌာနတွင်းအမိန့် ​ပေးပို့ခြိမ်း​ခြောက်ထားတယ်လို့ ပညာ ရေးဝန်ထမ်းမိသားစုဝင်တဦး ကပြောပါတယ်။

စစ်ကောင်စီက လာမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့‌ ကြေညာထားပြီး ပြည်သူလူထုကစိတ်ဝင်စားမှု မရှိတာကြောင့်စစ်​ကောင်စီလက်​အောက်ခံ ဝန်ထမ်းတွေကို ခြိမ်းခြောက်ကာ မိသားစုဝင်တွေကိုပါ မဲထည့်ကြဖို့ခြိမ်း​ခြောက်ဖိအား​ပေး​နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။