Connect with us

Hi, what are you looking for?

သတင်း

အာဆီယံအနေနဲ့ စစ်ကောင်စီရွေးကောက်ပွဲလက်မခံကြောင်းပြသဖို့ ​အမေရိကန်ရောက် မြန်မာတွေ တောင်းဆိုဆန္ဒပြ

အောက်တိုဘာ -၂၅၊၂၀၂၅။ သုည/People’s Spring

အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ဖော် ပြသဖို့ အမေရိကန်နိုင်ငံရောက် မြန်မာတွေက အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြတောင်းဆိုမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၅) ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ရောက် မြန်မာတွေက “Free Daw Aung San Su Kyi & All Political Prisoners” ၊ “Anti Military Dictatorship & Reject The Shame Election” ၊ “Reject Junta’s Shame Election”၊ “Stop Helping Myanmar Military Coup” ၊”Let’s End Military Dictatorship” စတဲ့ စာသားတွေနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို လက်မခံဖို့နဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ အတွက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ကနေ ၂၈ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပပြုလုပ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – CJ

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်