Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုရွေးကောက်ပွဲ ကိုစစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့နဲ့ ပြည်သူတွေဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့ ​အချို့ နဲ့ဒေသခံပြည်သူ​တွေက စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) မှာလည်း ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ-၂၆၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့ ​အချို့ နဲ့ဒေသခံပြည်သူ​တွေက စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) မှာလည်း ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့”၊ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်မဲမပေးနဲ့သပိတ်မှောက်”လို့ ကြွေးကြော်ပြီး စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဝက်လက်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်ကော်မတီဝင်တွေ ဦးဆောင်ပြီး “တရားမဝင် အတုယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဟောပြောပွဲ” ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူလုထုအတွက် စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘဲ စစ်အာဏာသက်ဆိုးရှည်ရေး၊ ကျူးလွန်ခဲ့သော ရာဇဝတ်မှုမျိုးစုံကို ခဝါချနိုင်ရေး၊ ရင်ဆိုင်နေရသော စစ်ရေး နိုင်ငံရေး အထွေထွေပြဿနာများကိုလျှော့ချနိုင်ရေးအတွက်သာ ရည်ရွယ်ဆောင်ရွက်နေသော နိုင်ငံရေးလှည့်ကွက်ဖြစ်ကြောင်း သပိတ်​ကော်မတီဝင်​တွေက ရှင်းလင်းပြောကြားခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်ကျေးရွာတစ်ရွာမှာလည်းခေတ်ဟောင်းချိုးဖျက် ဒို့မျိုးဆက် သပိတ်စစ်ကြောင်းမှ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာသားတွေ ကိုင်ဆောင်ပြီး ပြည်သူတရပ်လုံးအနေနဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ဝက်လက်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။