Connect with us

Hi, what are you looking for?

သတင်း

စစ်တွေ စစ်ဌာနချုပ်ကနေ ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ငါးနှစ်အရွယ်ကလေးငယ်သေဆုံး

ရခိုင်ပြည်နယ်မြို့တော်စစ်တွေမြို့မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကနေမနေ့ (အောက်တိုဘာ၂၉ ရက်)က ပေါက်တောမြို့နယ်ဘက်ဆီလက်နက်ကြီးနဲ့ လှမ်းပစ်တာကြောင့်ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျည်ကြောင့် ဆုံးပါးသွားတဲ့ကလေးငယ်ကိုတွေ့ရပုံ။ ဓာတ်ပုံ - Arakan Princess Media

အောက်တိုဘာ- ၃၀ ၊ ၂၀၂၅ ၊ အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်မြို့တော်စစ်တွေမြို့မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကနေမနေ့ (အောက်တိုဘာ၂၉ ရက်)က ပေါက်တောမြို့နယ်ဘက်ဆီလက်နက်ကြီးနဲ့ လှမ်းပစ်တာကြောင့်ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

မနေ့ နေ့ခင်းပိုင်း ၂ နာရီခန့်မှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်( ဒကစ – စစ်တွေ) ကနေ ပေါက်တောမြို့နယ်၊ တောင်ညိုရွာဘက်ဆီ လက်နက်ကြီးနဲ့ လှမ်းပစ်တာလို့ သိရပါတယ်။

” ရမ်းပစ်နေတာ ဆက်တိုက်ပဲ၊ သေဆုံးတဲ့ကလေးလေးက မိန်းကလေး၊ အသက်ငါးနှစ်ပဲရှိသေးတယ်၊ သူ့အဖေလည်းဒဏ်ရာအပြင်းအထန်ရသွားတယ်၊နောက်တစ်ယောက်ကတော့သူတို့အိမ်နီးချင်း” လို့ ပေါက်တောမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ စစ်တွေမြို့နဲ့ အာရက္ခတပ်တော် (AA) သိမ်းယူထားတဲ့ပေါက်တောမြို့နယ်တို့ဟာ ငါးမိုင်ခန့်သာဝေးပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတော့ နှစ်ဖက်အပြန်အလှန်လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိခဲ့ပေမယ့် အောက်တိုဘာလ ၂၅ ရက်မှာတော့ အခြေအနေ ငြိမ်သက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကအသိပေးပါတယ်။

ဒါပေမယ့် နောက်ရက် အောက်တိုဘာလ ၂၆ ရက်မှာ ဒကစ စစ်တွေကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ဟာပုဏ္ဏားကျွန်းမြို့နယ်ထဲကိုကျရောက်ပေါက်ကွဲပြီး အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်ကနေ ၂၇ ရက်အတွင်းမှာလည်း တောင်ကုတ်၊ အမ်း၊ ပုဏ္ဏားကျွန်း ၊ ကျောက်ဖြူနဲ့ ပေါက်‌တောမြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက် ကြီးပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့လို့ ကလေးသုံးဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။

AA ကတော့ သူတို့ထိန်းချုပ်ထားတဲ့မြို့ရွာတွေကို နေ့ညမရွေး စစ်ကောင်စီတပ်က တိုက်ခိုက်နေလို့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်သတိပေးချက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ လကုန်ပိုင်းကထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမဖြစ်တဲ့ မြို့ရွာတွေက စာသင်ကျောင်း ၊စျေး ၊ ဆေးရုံ နဲ့ ဘုန်းတော်ကြီးကျောင်းအပါအဝင် လူစုလူဝေးနေရာတွေကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ AA က ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

စားဝတ်နေရေးကြပ်တည်းမှုကြောင့် လုယက်သူတွေအပြင် အဆုံးစီရင်သူတွေပါ ရှိနေ