Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းတပ်သားသစ် ၂၆ဦးဖမ်းမိဟု CDF အရှိုထုတ်ပြန်၊ နတ်ရေကန်တိုက်ပွဲ CDF ရဲဘော် ၂ဦးကျဆုံး

စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ် ၂၆ဦးကို ထပ်မံဖမ်းမိထားကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-အရှိုက ဒီကနေ့ (နိုဝင်ဘာ ၂ရက်) သတင်းထုတ်ပြန်ပါတယ်။

ဖမ်းမိတဲ့ စစ်မှုထမ်းတပ်သားတွေနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - CDF Asho

နိုဝင်ဘာ-၂၊ ၂၀၂၅။ ထားမြတ်၊အိမ်သွင်/People’s Spring

စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ် ၂၆ဦးကို ထပ်မံဖမ်းမိထားကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-အရှိုက ဒီကနေ့ (နိုဝင်ဘာ ၂ရက်) သတင်းထုတ်ပြန်ပါတယ်။

CDF အရှိုတပ်ဖွဲ့ရဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း စစ်ရေးအခြေအနေ အချို့ကို အသိပေးရာမှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီ နှစ်လတာအတွင်းမှာ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတရားသဖြင့် စစ်မှုထမ်းဖို့ စုဆောင်းခြင်းခံရတဲ့ သူတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန် လမ်းဟောင်းတစ်လျှောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ငယ် ၄လက်နဲ့ ခဲယမ်းအများအပြား သိမ်းရတယ်လို့လည်း အသိပေးပါတယ်။

ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေနဲ့ ဒေသတွင်း စစ်ရေးအခြေအနေတွေ မေးမြန်းဖို့ CDF အရှိုထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

အရင်ကလည်း CDF အရှိုက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအများအပြားကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိထားတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

အာရက္ခတပ်တော်(AA)က စစ်ကောင်စီရဲ့နတ်ရေကန်စခန်းကို ထိုးစစ်ဆင်ချိန်မှာ ထွက်ပြေးကြတဲ့ စစ်ကောင်စီတပ်သားတွေကိုရဖမ်းမိတာရှိသလို ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်တိုက်ပွဲတွေ ဖြစ်ပွားစဉ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း CDF အရှိုက မကြာခဏ ဖမ်းမိခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့တာကို မှတ်တမ်းဓာတ်ပုံတွေနဲ့ အသိပေး ထုတ်ပြန်ခဲ့တာတွေရှိပါတယ်။

CDFအရှိုရဲ့ ထုတ်ပြန်ချက်မှာ စက်တင်ဘာနဲ့ အောက်တိုဘာလ တိုက်ပွဲတွေမှာ ကျဆုံးထိခိုက်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကိုလည်း ဖော်ပြထားပါတယ်။

စက်တင်ဘာလဆန်းမှစပြီး နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကို အခြားတော်လှန်ရေး မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်တာ၊ ခုခံ၊ ထိုးစစ်ဆင်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သိပေးထားပါတယ်။

နတ်ရေကန်စခန်းဗျူဟာကုန်း မကျရှုံးရေး စစ်ကောင်စီက လေကြောင်းပစ်ကူ၊ စစ်ကူများ အဆက်မပြတ်ပေးနေမှုကို အခြားတော်လှန်ရေး မဟာမိတ် တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ပြီးခဲ့တဲ့ နှစ်လာတာအတွင်း CDF အရှို တပ်ဖွဲ့ဝင် ၂ဦး ကျဆုံးကာ ၉ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ခြေလက်အင်္ဂါဆုံးရှုံးသူ ( ၂ )ဦး ပါဝင်ပြီး ၇ဦးက အခြားထိခိုက်ဒဏ်ရာရရှိတာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ကျဆုံးခဲ့တဲ့ ရဲဘော်တွေက အောက်တိုဘာ ၂၈ရက်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ဆလိုင်းအာရှယ်ပါနဲ့ အောက်တိုဘာ ၂၉ရက်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ဆလိုင်းရဲမင်းထွန်းတို့ ဖြစ်တယ်လို့ CDF အရှိုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အမ်း-ပဒါန်းလမ်းပိုင်းအနီးက အကြီးဆုံး စခန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကုန်းကိုAAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထိုးစစ်စတင်ခဲ့တာပါ။

နတ်ရေကန်ဗျူဟာကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စခန်းသိမ်းတိုက်ပွဲမှာ ကစဉ့်ကလျားထွက်

ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဖမ်းမိထားပြီး အလံဖြူထောင် အလင်းဝင်ရောက်လာသူတွေလည်း ဆက်တိုက်ရှိနေတယ်လို့ အာရက္ခတပ်တော်

(AA)က အောက်တိုဘာလ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ထားပါတယ်။ အလင်းဝင်ရောက်လာသူတွေကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့အညီ စောင့်

ရှောက် ပေးထားပြီး စစ်မှုထမ်းဖို့ စုဆောင်းခြင်းခံရသူတွေအနေနနဲ့ အနီးဆုံးနေရာတွေကတဆင့် ဆက်သွယ်ပြီး အချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်ရှေ့တန်းမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကို လူသားဒိုင်းသဖွယ်စတေးခံခိုင်းနေပြီး ဒီကနေ့ (ဩဂုတ် ၂၇ ရက်)မှာ မိုင်းရှင်းလင်းခိုင်းစဉ် မိုင်းထိပြီး စစ်မှုထမ်းတပ်သားသစ် ၃ဦးသေခဲ့တယ်လို့ ဖရီးဘားမားရိန်းဂျား (Free Burma Rangers - FBR) တာ၀န်ရှိသူ ကိုအောင်ဇေယျက ပြောပါတယ်။

သတင်း

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းက ဗိုလ်မှူးကျော်မင်းသန့်ကို အဓမ္မစစ်သားစုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေက လုပ်ကြံသတ်ဖြတ်ပြီး တော်လှန်ရေးဘက်ကို အလင်းဝင်ပူးပေါင်းခဲ့တယ်လို့ လုပ်ကြံမှုမှာ ဦးဆောင်ခဲ့တဲ့ လူငယ်က ထွက်ဆိုပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

Facebook