Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်မှာ စစ်တောင်းမြစ်ကမ်းပြိုလို့ နေအိမ် ၃၀နီးပါး ရေထဲမျောပါ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မူး(မုန်း)မြို့နယ်မှာ စစ်တောင်းမြစ်ကမ်းပါး ပြိုလို့ ပြည်သူတွေရဲ့နေအိမ်တွေ ရေစီးနဲ့ မျောပါသွားတယ်လို့ KNU ဗဟိုရဲ့ ဒီကနေ့ နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်တဲ့သဘာ၀ ဘေးအန္တရာယ်ကျရောက်မှု သတင်းမှာဖော်ပြထားပါတယ်။

စစ်တောင်းမြစ်ကမ်းပါး ပြိုမှုကြောင့် ခုံမြောင်(လက်ပံခုံ)ကျေးရွာက နေအိမ်တွေ ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU

နိုဝင်ဘာ -၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မူး(မုန်း)မြို့နယ်မှာ စစ်တောင်းမြစ်ကမ်းပါး ပြိုလို့ ပြည်သူတွေရဲ့နေအိမ်တွေ ရေစီးနဲ့ မျောပါသွားတယ်လို့ KNU ဗဟိုရဲ့ ဒီကနေ့ နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်တဲ့သဘာ၀ ဘေးအန္တရာယ်ကျရောက်မှု သတင်းမှာဖော်ပြထားပါတယ်။

မုန်းမြို့နယ် ခုံမြောင်(လက်ပံခုံ)ကျေးရွာမှာ အောက်တိုဘာ ၂၀ရက်ကနေ ၂၈ရက်အတွင်း စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုတွေကြောင့် နေအိမ်တွေ မျောပါပျက်စီးခဲ့တဲ့ အခြေအနေကို အသိပေးထားတာဖြစ်ပါတယ်။

အဲဒီကာလအတွင်း နေအိမ် ၂၇လုံး မျှောပါပျက်စီးခဲ့ရပါပြီး အိမ်ထောင်စု ၂၇စုက လူဦးရေ ၁၅၃ဦး ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ကမ်းပါးပြိုကျမှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်တောင်းမြစ်ကမ်းနဖူးမှာ နေထိုင်တဲ့ နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ ဘေးလွတ်ရာ ပြောင်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။

မုန်းမြို့နယ်မှာ သဘာ၀ဘေးအပြင် စစ်ကောင်စီရဲ့ လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရတာလည်းရှိပါတယ်။

စစ်ကောင်စီဟာ ညောင်လေးပင်ခရိုင်အတွင်း မြို့နယ်များကို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်နေတာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ နေထိုင်နေကြရတယ်လို့လည်း KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သား ၆ဦးထက်မနည်းသေ၊ လက်နက် ၁၁လက်ရ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော် ငါးဦး ကျဆုံးခဲ့ပါတယ်။

သတင်း

ဒရုန်းတိုက်ခိုက်မှုတွေကြောင့်လည်း ၂ဦးသေဆုံး