Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်ရှိ စစ်တပ်စခန်း နေရာ ၂ခု KNU တိုက်ခိုက်

စစ်သား ၆ဦးထက်မနည်းသေ၊ လက်နက် ၁၁လက်ရ

(ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်မှာ စစ်တပ် တပ်စွဲထားတဲ့ နေရာ ၂ခု ဝင်ရောက်တိုက်ခိုက်မှုအတွင်း သိမ်းရတဲံ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - KNU)

မေ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်မှာ စစ်တပ် တပ်စွဲထားတဲ့ နေရာ ၂ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

KNU ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေ အတွင်းရှိ ရွာကြီးအင်းနဲ့ တောင်စုကျေးရွာအကြားက စစ်တပ်စခန်းနေရာနဲ့ ထီးလေးထာ စစ်တပ်စခန်းနေရာကို တပ်မဟာ(၃) တပ်ရင်း(၈)က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တောင်စုရွာနဲ့ ရွာကြီးအင်းကြားက စစ်တပ်စခန်းကို မေလ ၂၂ရက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထီးလေထာ နေရာက စစ်တပ်စခန်းကို မေလ ၂၃ရက်မှာ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးအတွင်း စစ်တပ်က တပ်ကြပ်ကြီး ၁ဦး အပါအဝင် ၆ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ စစ်တပ်ထံက လက်နက်မျိုးစုံ ၁၁လက် နဲ့ ခဲယမ်းတွေ သိမ်းရခဲ့ဟု ဓာတ်ပုံမှတ်တမ်းနဲ့ အသိပေးထားပါတယ်။

သိမ်းရခဲ့တဲ့ လက်နက်ခဲယမ်းတွေက MA-1 (၆)လက်၊ MA-3 (၄)လက်၊ MA-4 (၁) လက်နဲ့ ကျည်၊ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းတွေ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးမှာ KNLA ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။